မိုင်းနောင် ပြည်သူ့စစ်ထမ်းရမည့်သူများကို ကျေးသီးမြို့နယ်သို့ ပို့ဆောင်မည်ဟုဆို

မိုင်းနောင် ပြည်သူ့စစ်ထမ်းရမည့်သူများကို ကျေးသီးမြို့နယ်သို့ ပို့ဆောင်မည်ဟုဆို

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုင်းနောင်မြို့ပေါ်နေ ဒေသခံများကို ပြည်သူ့စစ်မှုထမ်းအပတ်စဉ်သစ်အတွက် လူတောင်းခံခဲ့ကြောင်း သတင်းရရှိသည်။

ကျေးသီးမြို့နယ် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဇွန်လ နောက်ဆုံးပတ်အတွင်း မိုင်းနောင်မြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို စစ်မှုထမ်းအပတ်စဉ်သစ်အတွက် ခေါ်ယူရာရန်ကိစ္စနှင့် ပတ်သက်ပြီး မြို့လယ်ခန်းမတွင် အစည်းဝေးခေါ်ခဲ့ကြောင်း မိုင်းနောင်မြို့ဒေသခံမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်မှုထမ်းဖို့လာပြောတာ။ ပြေးရင်လည်း မလွတ်ဘူးတဲ့ လမ်းတွေမှာတွေ့ရင်လည်း လမ်းမှာ ဖမ်းမယ်ဆိုတာမျိုးပြောတယ်။ တစ်လကို ၅ ယောက်ကနေ ၁၀ ယောက်ထိ ကောက်မယ်တဲ့။ မဲနှိုက်ရမဲ့ ပုံစံကိုလည်း ပြောပြတာ။ ကျေးသီးက စစ်သားတွေနဲ့ ထွေအုပ် တွေလာပြောတာ။” ဟု မိုင်းနောင်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းနောင်မြို့ လူငယ်အများစုသည် အခြားပြည်နယ်နှင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြသကဲ့သို့ နယ်မြေခံ တိုင်းရင်းသား လက်နက်ကိုင်တပ်အတွင်းသို့ သွားရောက်စစ်မှုထမ်း သူများလည်းရှိကြောင်း မိုင်းနောင်မြို့ဒေသခံ အမျိုးသားတစ်ဦး က ဆက်သည်။

“လူငယ်တွေကတော့ ပြေးကြမှာပဲ။ မြို့မှာလူငယ်တွေတောင်သိပ်မရှိတော့ဘူး။ တချို့တွေက နိုင်ငံခြား မဟုတ်လည်း နီးစပ်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ထဲတော့ ဝင်သွားကြတာပဲ။ လူငယ်တွေကတော့ အရင်ကတည်းက ၂၀၂၄ လောက်ကတည်းက ပြေးနေကြတာ။ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ ပြီးတော့ ဒီလိုတွေစစ်မှုထမ်း ကောက်တာတာလည်းပါတယ်။

စစ်ရေးအဘက်ဘက် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်လဆန်းပိုင်းတွင် စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

မိုင်းနောင်မြို့နှင့် ကျေးသီးမြို့တို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်နှင့် စစ်ကောင်စီတို့သာ သွားလာလှုပ်ရှားသည့်နယ်မြေဖြစ်ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...
ဓာတ်ပုံ - Crd
August 13, 2026
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတစ်လျှောက်ရှိ စစ်တပ် စစ်ဆေးရေး...