ကရင်နီမှာ ဆား တစ်ထုပ်ကို နှစ်ထောင်ဝန်းကျင်ထိ ရှိလာ

ကရင်နီမှာ ဆား တစ်ထုပ်ကို နှစ်ထောင်ဝန်းကျင်ထိ ရှိလာ

ကရင်နီပြည်မှာ အခြေခံ စားသုံးကုန်ဖြစ်တဲ့ အိုင်အိုဒင်းဆားဟာ တစ်ထုပ်ကို နှစ်ထောင်ဝန်းကျင်ထိ ပေါက်စျေးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် အခုလိုစျေး မြင့်တက်လာတာဖြစ်တယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာနေတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“အရင်က ၃ ထုပ်တထောင်နဲ့ဝယ်ရတယ်။ ခုတော့ အကုန်လုံးကလည်း ကုန်စျေးနှုန်းတွေ တက်ကုန်ပြီဆိုတော့ ဆားက တထုပ် ၁၅၀၀ ကနေ ၂၀၀၀ အထိ တက်လာတယ်ပေါ့နော်။ တဆိုင်နဲ့တဆိုင်တော့ ရောင်းစျေးကမတူဘူး။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ဖြစ်မယ်ထင်တယ်” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာတော့ ဆားတစ်အိတ်ကို နှစ်သောင်းရှစ်ထောင်ဝန်းကျင် ပေါက်စျေးရှိပြီး အခုချိန်မှာတော့ ၆သောင်းခွဲဝန်းကျင်ထိ ရှိလာတယ်လို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ဆိုင်ပိုင်ရှင်တစ်ဦးက အခုလိုပြောပါတယ်။

“အရင်က တအိတ်ကို (၂၈၀၀၀) လောက်ရှိတယ်။ တစ်ထုတ်ကို (၆၀၀) နှုန်းနဲ့ ပြန်ရောင်းတယ်။ အခုက လမ်းအခြေအနေတွေကြောင့် တအိတ်ကို ခြောက်သောင်း၊ ခြောက်သောင်းခွဲ လောက်ရှိသွားတယ်။ တစ်ထုတ်ချင်းစီကိုကျတော့ တစ်ထောင့်နှစ်ရာနဲ့ ရောင်းတာပေါ့နော်” လို့ ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းက ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်ကို ဝင်လာတဲ့ ကုန်စည်လမ်းကြောင်းတွေ ပိတ်ကုန်တာကြောင့် အခုလို ကုန်စျေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာတော့ ဓာတ်ဆီ တစ်လီတာကို ရှစ်ထောင်ဝန်းကျင်ရှိပြီး ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာတော့ ဓာတ်ဆီ တစ်လီတာကို တစ်သောင်းဝန်းကျင်ထိ ပေးဝယ်နေရတာ ဖြစ်ပါတယ်။

ဒါအပြင် ဆီပြတ်လက်မှုကြောင့် ဓာတ်ဆီဆိုင် တချို့ ပိတ်ထားရသလို လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း လုပ်နေကြတဲ့ တောင်သူလယ်သမားတွေအတွက်လည်း ဒုက္ခတွေ့နေကြတာ ဖြစ်ပါတယ်။

July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...
July 23, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က...
July 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က နွားကျောင်းနေသည့် အမျိုးသားနှစ်ဦးကို...
July 20, 2026
ဒေသတွင်း တိုက်ပွဲများကြောင့် ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှ တိမ်းရှောင်ခဲ့ရသည့်...