UWSA ထိန်းချုပ်ဒေသ မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှု ၈ ဆတိုးလာ

UWSA ထိန်းချုပ်ဒေသ မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှု ၈ ဆတိုးလာ
မိုင်းပေါက်ဒေသရှိ မြေရှားသတ္တုလုပ်ငန်းခွင်တခုအားတွေ့ရစဥ်။ UWSA ထိန်းချုပ်ရာဒေသမြောက်ပိုင်း ရှမ်း-တရုတ် နယ်စပ်အနီး မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှု ရှစ်ဆ များပြားလာကြောင်း SHRF က ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။
မိုင်းပေါက်ဒေသရှိ မြေရှားသတ္တုလုပ်ငန်းခွင်တခုအားတွေ့ရစဥ်။ UWSA ထိန်းချုပ်ရာဒေသမြောက်ပိုင်း ရှမ်း-တရုတ် နယ်စပ်အနီး မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှု ရှစ်ဆ များပြားလာကြောင်း SHRF က ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသမြောက်ပိုင်း ရှမ်း-တရုတ် နယ်စပ်အနီး မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှု ရှစ်ဆ များပြားလာသည်ကို ဂြိုဟ်တုဓာတ်ပုံများက ထုတ်ဖော်ပြသနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (ဇွန် ၁၉) က ထုတ်ပြန်သည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် မိုင်းပေါက်ဒေသ၌ မြေရှားသတ္တုတွင်း သုံးခုသာရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတွင် မြို့တောင်ဘက်ရှိ တောင်ကုန်းများတလျှောက်တွင် မြေရှားသတ္တုတွင်း ၂၆ ခုကျော် ပျံ့နှံ့တည်ရှိနေပြီး အဆိုပါသတ္တုတွင်းများထဲမှ သုံးခုမှာ မြို့နှင့် သုံးကီလိုမီတာ၊ လေးကီလိုမီတာခန့်သာကွာဝေးကြောင်း ဆိုသည်။

မိုင်းပေါက်ဒေသတွင် အဝိုင်းပုံ သတ္တုထုတ်လုပ်သည့် ကန်များ စီတန်းနေပုံမှာ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူး ဖော်ရေးလုပ်ငန်းများ၏ ပုံစံနှင့် အတိအကျတူညီနေပြီး ထိုနေရာများတွင် မြေအောက်မှ တိုက်ရိုက်ထုတ်ယူသည့် နည်းလမ်းကို အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မိုင်းပေါက်အနီးရှိ နယ်ခံသတ္တုတွင်း လုပ်သားများက အွန်လိုင်းတွင် မျှဝေထားသော ဗီဒီယိုဖိုင်ကလည်း အဆိုပါနည်းလမ်းကို အသုံးပြုနေကြောင်း ရှင်းလင်းစွာပြသနေသည်ဟု SHRF ကပြောသည်။

မြေအောက်မှတိုက်ရိုက်ထုတ်ယူသည့်လုပ်ငန်းစဉ်သည် မြေရှားသတ္တုများကို ထုတ်ယူရန် ဓာတုပစ္စည်းများကို ပိုက်များမှတဆင့် တောင်ကုန်းများအတွင်းသို့လောင်းထည့်ရပြီး ထိုကဲ့သို့ တူးဖော်မှုသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေကာ မြေပေါ်မြေအောက် ရေအရင်းအမြစ်များကို ညစ်ညမ်းစေပြီး သတ္တုတွင်းများအောက်ဘက်တွင် နေထိုင်သည့် ဒေသခံများ၏ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်းမှုများကို ခြိမ်းခြောက်နေကြောင်း ဆိုထားသည်။

“မြေရှားသတ္တုတွင်းများထဲမှ တခု (၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် စတင်ခဲ့သည်) မှာ မိုင်းပေါက်မြို့၏ တောင်ဘက် သုံးကီလိုမီတာအကွာ၊ လယ်ယာမြေများကိုဖြတ်သန်းကာ မြို့တလျှောက် မြောက်ဘက်သို့ စီးဆင်းနေသော ဖိုင် ချောင်းဘေးတွင် တည်ရှိပါသည်။ ဤချောင်းနှင့် အနီးအနားရှိ မြေအောက်ရေများ ညစ်ညမ်းသွားနိုင်ဖွယ်ရှိပြီး ထောင်ပေါင်းများစွာသော မြို့နေလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်နေပါသည်” ဟု SHRF က ထုတ်ပြန်ချက်တွင် ပြောထားသည်။

မိုင်းပေါက်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သော တရားဝင်သတ္တုတူးဖော်ခွင့်ပြုစာရင်း (နောက်ဆုံး အများပြည်သူရရှိနိုင်သောစာရင်း) တွင် တခုမျှ ပါဝင်ခြင်းမရှိကြောင်းလည်း သိရသည်။

ထို့ကြောင့် UWSA နှင့် တရုတ်နိုင်ငံအကြား ဒေသတွင်း သဘောတူညီချက်တစ်ခုရှိနေပြီး တရုတ်ကျော ထောက်နောက်ခံပြုသည့် သတ္တုတူးဖော်ရေး ကုမ္ပဏီများသည် နေပြည်တော်မှအာဏာပိုင်များကို မပါဝင်စေဘဲ မြေရှားသတ္တုများကို တူးဖော်ပြီး တရုတ်နယ်စပ်ဖြတ်ကျော် သယ်ယူ ပို့ဆောင်ခွင့်ပြုထားသည်မှာ ရှင်းလင်းကြောင်း

ဆိုသည်။

မိုင်းပေါက်ဒေသရှိ သတ္တုတွင်းများသည် အရှေ့ပိုင်းရှမ်းပြည်၏ အဓိကမြစ်ဝှမ်းနှစ်ခုဖြစ်သည့် သံလွင်မြစ်နှင့် မဲခေါင် မြစ်ဝှမ်းတို့အကြားတွင် တည်ရှိပြီး သတ္တုတွင်းများမှလာသော ညစ်ညမ်းရေများသည် တရုတ်နိုင်ငံကို ထိခိုက်မှုမရှိကြောင်းလည်း SHRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...