ဆီဆိုင်မြို့ပေါ်မှာ လိုင်စင်မဲ့ယာဉ်တွေ အဖမ်းအဆီးရှိနေတာကြောင့် စေခိုင်းရွေ့ပြောင်းခံရတဲ့ ဒေသခံတွေ အခက်တွေ့

ဆီဆိုင်မြို့ပေါ်မှာ လိုင်စင်မဲ့ယာဉ်တွေ အဖမ်းအဆီးရှိနေတာကြောင့် စေခိုင်းရွေ့ပြောင်းခံရတဲ့ ဒေသခံတွေ အခက်တွေ့

စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ PNO ပြည်သူ့စစ်ဟာ ဆီဆိုင်မြို့နယ်မှာရှိတဲ့ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်ခွာသွားခိုင်းခဲ့ပါတယ်။

ဇွန်လ ၇ ရက်နေ့မှာ စတင်ထွက်ခွာခိုင်းပေမယ့် ဒေသခံပြည်သူတွေဟာ ဇွန်လ (၉) ရက်နေ့မှ သိရှိရတဲ့အတွက် (၉) ရက်နေ့ ညနေပိုင်းကစပြီး စတင်ရွေ့ပြောင်းကြတယ်လို့ သိရပါတယ်။

အခုလို ရွေ့ပြောင်းကြရတဲ့အခါမှာတော့ ဆီဆိုင်မြို့ပေါ်မှာ ဆိုင်ကယ်၊ ကား လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် ရွေ့ပြောင်းကြတဲ့ ဒေသခံတွေအနေနဲ့ အခက်တွေ့နေကြတယ်လို့ ပအို့ဝ် လူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“ဆီဆိုင်မြို့ပေါ်မှာက လိုင်စင်မဲ့ ကား ၊ ဆိုင်ကယ်တွေ ဖမ်းဆီးတဲ့ ကိစ္စတွေရပ်တွေ ရှိတယ်။ အဲ့ဒီအတွက် ရွေ့ပြောင်းလာတဲ့သူတွေအတွက် အဲဒီမှာ ပြသနာသွားပြီးတော့ ကြုံကြိုက်ကြရတယ်။ အဓိကတော့ ဖမ်းမိတယ်ဆိုရင် ပိုက်ဆံတောင်းတယ်ပေါ့” လို့ ပအို့ဝ်လူငယ်အစည်းအရုံး တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လိုင်စင်မဲ့ ယာဉ်တွေကို ဖမ်းဆီးကာ ငွေကြေးတောင်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။ အဲ့ဒါတွေအပြင် အဖမ်းအဆီးတွေလဲရှိနေတယ် ဆိုတဲ့သတင်းတွေကြောင့် ရွေ့ပြောင်းကြတဲ့ဒေသခံတွေအနေနဲ့ လုံခြုံရေးကို အထူးစိုးရိမ်ကြရတယ်လို့ သိရပါတယ်။

အခုလို ထွက်ခွာသွားခိုင်းတာဟာ အဲ့ဒီအုပ်စုအတွင်းမှာ တော်လှန်ရေးအုပ်စုတွေ ရှိနေတဲ့အတွက် နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့အကြောင်းရင်းနဲ့ ထွက်ခွားခိုင်းတာ ဖြစ်တယ်လို့ သိရကြောင်းကိုလည်း ပအို့ဝ်လူငယ်အစည်းအရုံး တာဝန်ရှိက ပြောပါတယ်။

“အကြောင်းအရင်းကို စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့ အဲဒီဘက်တစ်ကျောမှာ တော်လှန်ရေးအုပ်စုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့ဟာတွေ လမ်းကြောင်းရှင်းနိုင်ဖို့ ဆိုတဲ့ဟာတွေကို သိရတယ်” လို့ သူက ဆက်ပြောပါတယ်။

PNO ဟာ ထွက်ခွာသွားတဲ့ ဒေသခံပြည်သူတွေကို တောင်ယာခင်းတွေ၊ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံဖို့ကို ခွင့်မပြုထားပဲ တစ်နေရာထဲကို စုဝေးနေခိုင်းခဲ့တာ ဖြစ်ပါတယ်။

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော် ၆ ရွာ၊ ကလားလမ်ရွာ စတဲ့ ကျေးရွာတွေဟာ ကျေးရွာအတွင်း ထွက်ခွာသွားပေးရမှာဖြစ်ပြီး ရွေ့ပြောင်းနေဆဲကာလဖြစ်တာမို့ အချက်အလက် အတိကျကိုတော့ ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ပအို့ဝ်လူငယ်အစည်းအရုံးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...
April 1, 2026
တနိုင်တပိုင် မွေးမြူထားတဲ့ ကြက်တွေအနာကျတာ၊ အစုလိုက်သေဆုံးတာတွေကို ရာသီဥတုအကူးအပြောင်းကာလမှာ...