မိုးတွင်းကာလ လမ်းခရီးကြမ်း၍ အိန္ဒိယ-ရခိုင်ကုန်သွယ်ရေးတွင် ဆုံးရှုံးမှုများရှိလာ

မိုးတွင်းကာလ လမ်းခရီးကြမ်း၍ အိန္ဒိယ-ရခိုင်ကုန်သွယ်ရေးတွင် ဆုံးရှုံးမှုများရှိလာ

အိန္ဒိယ - ရခိုင်ကုန်သွယ်ရေး လမ်းကြောင်းတွင် ကုန်သွယ်မှုပြုလုပ်နေသည့် ရခိုင်ကုန်သည်များမှာ မိုးတွင်းကာလ ရာသီဥတု ဆိုးရွားမှုနှင့် လမ်းခရီးကြမ်းတမ်းမှုများကြောင့် စားသောက်ကုန်စည်များမှာ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းတွင် တောင်ပြိုကျခြင်း၊ ရေစီးသန်ခြင်း၊ တောင်ကျရေမြင့်တက်ခြင်းတို့ကြောင့် လမ်းခုလပ်၌ ကုန်ပစ္စည်းများ ပျက်စီးခြင်းတို့နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

“လမ်းခရီးမှာ ပိတ်ဆို့ပြီးတော့ စားသောက်ကုန်စည်းတွေ ပျက်စီးတာတွေ ရှိတယ်။ မိုးဦးရာသီဆိုရင် ဆုံးရှုံးမှု ပိုကြီးတယ်။ မြစ်ကမ်းဘေးမှာ ချထားတဲ့ ကုန်စည်တွေ မျောပါသွားတာတွေလည်း မကြာခဏရှိတယ်” ဟု အိန္ဒိယကို ကုန်သွယ်မှုပြုလုပ်နေသည့် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

ရေစီးသန်မှုကြောင့် မေလ ၃၀ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရခိုင်သို့လာသည့် ကုန်စက်လှေ ၁၀ စီးထက်မနည်း နစ်မြုပ်ခဲ့သလို ကုန်သည်အချို့ သေဆုံးခဲ့သည်။

ဇွန်လဆန်းပိုင်းကလည်း တောင်ပြိုမှု၊ မြစ်ရေကြီးမှုများကြောင့် ရခိုင်သို့လာသည့် ကုန်စည်းကားများ လမ်းပိတ်ဆို့ပြီး စားသောက်ကုန်စည်များ ပျက်စီးမှုများပြားခဲ့သည်။

လက်ရှိတွင် လမ်းခရီးကြမ်းတမ်းမှုနှင့် ရာသီဥတုဆိုးရွားမှုများကြောင့် ကုန်ပစ္စည်းဆုံးရှုံးမှုများရှိနေ၍ ရခိုင်ကုန်သည် အများစုမှာ ကုန်သွယ်မှုပြုလုပ်ခြင်း နည်းပါးနေသည်ဟု အိန္ဒိယမှ ကုန်သွယ်မှုပြုလုပ်နေသည့် နောက်ထပ် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

“အခုတလော စားသောက်ကုန်စည်တွေ ဆုံးရှုံးမှုများတာကြောင့် ကုန်သည်တွေက ကုန်သွယ်ဖို့ လက်ရှောင်ကြတယ်။ အဓိက ရေစိုမခံနိုင်တာ လမ်းပိတ်ဆို့တဲ့ဒဏ်ကို မခံနိုင်တာကြောင့် ကုန်သွယ်မှု သိပ်မလုပ်ကြဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အိန္ဒိယဖက်သို့ သွားရောက်ကြသည့် ကုန်သည်အများစုမှာ စက်သုံးဆီနှင့် တာရှည်ခံ ပစ္စည်းများကိုသာ အများစု ကုန်သွယ်မှုပြုလုပ်နေကြကြောင်း သိရသည်။

ယင်းအကျိုးဆက် စားသောက်ကုန်စည် ဝင်ရောက်မှုနည်းပါးသည့်အတွက် ရခိုင်ပြည်တွင် ကုန်ဈေးနှုန်းများ မြင့်တက်မှုနှင့် ရင်ဆိုင်နေကြရသည်။

“စားသောက်ကုန်စည် မရောက်ရင် ပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးကြီးတော့တာပဲ။ အဲဒီဒဏ်ကို ပြည်သူတွေပဲ ခံရတယ်” ဟု အထက်ပါ ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စ၍ စစ်ကောင်စီက ရခိုင်ပြည်ကို ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသဖြင့် လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မကွေးတိုင်း၊ ဆောမြို့နယ်တို့က ကုန်သွယ်မှု ပြုလုပ်နေရသည်။

Most read this week

စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...