ကလေး-တီးတိန် လမ်းပိတ်တာ ၁ လနီးပါးအချိန်ကြာလာလို့ တီးတိန်မြို့မှာ ဆန်နဲ့ အခြေခံစားသောက်ကုန်များ ပြတ်လပ်လာ

ကလေး-တီးတိန် လမ်းပိတ်တာ ၁ လနီးပါးအချိန်ကြာလာလို့ တီးတိန်မြို့မှာ ဆန်နဲ့ အခြေခံစားသောက်ကုန်များ ပြတ်လပ်လာ

ကလေး-တီးတိန် လမ်းပိတ်တာ ၁ လ နီးပါး အချိန်ကြာလာလို့ ချင်းပြည်နယ် တီးတိန်မြို့မှာ ဆန်နဲ့  အခြေခံစားသောက်ကုန် ပစ္စည်းများ ပြတ်လပ်နေပြီး ဒေသခံအခြေခံလူတန်းစားတချို့ စားသောက်ဖို့ မရှိကြတော့ဘူးလို့ တီးတိန်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ရိုးရိုးဆန်တစ်အိတ်ကို ၁၅၀,၀၀၀ ကျပ် ဈေးရှိပြီး ဆိုင်တိုင်းမှာ ဝယ်ယူလို့ မရတော့သလို ကြက်ဥတစ်လုံးကို ၈၀၀ ကျပ်ဈေးနှုန်းရှိပြီး ဝယ်ယူခြင်းတိုင်း ဝယ်လို့ မရနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့နေဒေသခံတစ်ဦးက “အခုက ကြက်ဥတစ်လုံးကို ၈၀၀ ကျပ်ဈေးရှိတယ် ဒါပေမယ့် ရှာဝယ်ရဖို့တောင်မလွယ်ဘူး၊ ဆန်ဆိုရင်လည်း အနိမ့်ဆုံးဈေးက  ၁ သိန်း ၅ သောင်းလောက်ရှိတယ် အဲဒါဆိုင်တိုင်းမရှိဘူး တော်တော်လေးရှားတယ် တခြားအခြေခံစားသောက်ကုန်တွေလည်း တော်တော်လည်း ပြတ်နေပြီ ကလေး - တီးတိန်လမ်းမရတော့ အရင်က တီးတိန် - ကလေးလမ်းမရရင် ရှောင်ကွင်းလမ်းတွေကနေ သွားလို့ရတယ် အခုကမိုးများပြီး ကားတွေလည်း အရင်လိုမသွားလာနိုင်ကြတော့ဘူး လက်ရှိ အခြေခံလူတန်းစားတချို့ စားသောက်ဖို့မရှိတာတွေလည်း ရှိနေနိုင်တယ်” လို့ ပြောပါတယ်။

မေလ ၁၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်ကကလေးမြို့ကနေ ကလေး - တီးတိန် ကားလမ်းကို အသုံးပြုပြီး ချင်းတောင်ပေါ်ကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးလာခဲ့ချိန်ကစပြီး ကလေး-တီးတိန် လမ်းတလျှောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အတွက် ကားလမ်းတွေကိုပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

“အရင်က ကလေး - တီးတိန်လမ်းမရရင်လည်း ရှောင်ကွင်းလမ်းတွေကနေ သွားလာလို့ရတယ် အခုက မိုးများလို့ ကားတွေ ဆိုင်ကယ်တွေ သိပ်မသွားနိုင်တော့ဘူး၊ အခု ပစ္စည်းနည်းနည်းပါးပါး မဆိုသလောက်တော့ ဝင်ပေမယ့် ဈေးအရမ်းကြီးတယ်၊ ပစ္စည်းဝယ်ယူစုဆောင်းထားတာ မရှိတဲ့သူတွေအတွက်တော့ စားသောက်ဖို့ မလွယ်လောက်ဘူး တချို့က ပြတ်လပ်လောက်တယ်၊ ပစ္စည်းတွေကြိုဝယ်ရင် ပိုက်ဆံမရှိသူတွေ အခြေခံလူတန်းစားတွေအတွက် ပိုဒုက္ခများတာပေါ့” လို့ ပြောပါတယ်။

ကလေး - တီးတိန်အကြားဟာ ၆၀ မိုင်ခန့်သာ ကွာဝေးပြီး ကားနဲ့ ၃ နာရီဝန်းကျင်နဲ့ သွားရတဲ့ခရီးဖြစ်ပြီး တီးတိန်မြို့နေဒေသခံတွေအနေနဲ့ အခြေခံစားသောက်ကုန်တွေကို စစ်ကိုင်းတိုင်း ကလေးမြို့ကနေ အဓိက ဝယ်ယူကြရတာဖြစ်ပါတယ်။

March 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာစက်သုံးဆီ အလုအယက် ဝယ်ယူနေကြကာ စက်သုံးဆီဈေးနှုန်းတွေ...
March 4, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်တွေကို Y...
March 4, 2026
Chin resistance forces have been confiscating equipment connected to the Starlink internet...
March 2, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တပ်သားစုဆောင်းရာမှာ ဝေဖန်သံတွေ အွန်လိုင်းပေါ်ရောက်မှာ...