ငွေကြေးအခက်ခဲကြောင့် ကျောင်းပြင်ပသို့ရောက်ရှိသွားသည့် ကျောင်းနေအရွယ်ကလေးတို့များလာ

ငွေကြေးအခက်ခဲကြောင့် ကျောင်းပြင်ပသို့ရောက်ရှိသွားသည့် ကျောင်းနေအရွယ်ကလေးတို့များလာ

ပညာသင်စရိတ်မြင့်မားနေခြင်းကြောင့် မွန်ပြည်နယ်အတွင်း လက်လုပ်လက်စားမိသားစုမှ ကျောင်းနေရွယ်ကလေးတို့ ကျောင်းပြင်ပသို့ ပိုမိုရောက်ရှိလာနေကြောင်း ကျောင်းသားမိဘတို့၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီမှ ပညာရေးဝန်ကြီးဌာနမှ မြန်မာ့ပညာရေးကို  “အခမဲ့ပညာရေးစနစ်” ဟု သတ်မှတ်ထားသော်လည်း ကျောင်းသားတစ်ဦး၏ အထွေထွေပညာသင်စရိတ်သည် အတန်းလိုက်မူတည်ပြီး စာသင်နှစ်တစ်နှစ်လျှင် သိန်း ၂၀ မှ သိန်းရာချီအထိ ကုန်ကျခံနေရသည်။

လက်ရှိဈေးကွက်တွင် ကျောင်းသား၊ ကျောင်းသူများ မဖြစ်နေသုံးစွဲရမည့် ဗလာစာအုပ်တဒါဇင် ၁၈၀၀၀ကျပ်၊ ဘောပင်တစ်ချောင်း ၆၀၀ ကျပ်၊ ထီးတစ်လက် ၃၀၀၀၀ကျော်၊ မူလတန်းကျောင်းဝတ်စုံတစ်စုံ ၁၅၀၀၀ ကျပ် ကျောပိုးအိတ် တစ်လုံး ၃၅၀၀၀ ကျပ် နှင့်အဆောင်ခ ကျုရှင်ခစရိတ်အသီးသီးတို့ အပြိုင်အဆိုင် ဈေးမြင့်တက်လျှက်ရှိသည်။

ထို့ကြောင့် လက်လုပ်လက်စားမိသားစုမှ အထက်တန်းအရွယ်ကလေးအများစု ပညာမသင်နိုင်ဘဲ မိသားစုနှင့်အတူ လုပ်ငန်းခွင်ဝင်နေရကြောင့် ရေးမှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

“သားသမီးတစ်ယောက်ကျောင်းနေဖို့က မလွယ်ကူလှတော့ဘူး။ ကျနော်တို့ ရွာမျိုးဆိုရင် grade 10၊ 11၊ 12 ရောက်သွားတဲ့သူတွေဆိုရင် အခြားရွာကိုပြောင်းရတယ်။ မွန်အမျိုးသားကျောင်းနေတဲ့လူဆို ညီဆားကိုပြောင်းရတယ်။ အဲလိုပြောင်းရတဲ့အတွက် ဌာနတစ်ခုမှာဖြစ်ဖြစ် အဆောင်မှာဖြစ်ဖြစ် ကိုယ့်သားသမီးကို သွားမထားရင် သူတို့အတွက် အသွားလာအပိုင်းက လုံခြုံမှုမရှိဘူး။ အဆောင်ကြေးမတတ်နိုင်လို့ ကျောင်းနားလိုက်ရတဲ့ကလေးတွေလည်းရှိတယ်” ဟုဆိုသည်။

အလားတူ ရေးမြို့နယ် ကျုံးကညာကျေးရွာမှ ငွေကြေးအခက်ခဲကြောင့်  အထက်တန်းကျောင်းသူတစ်ဦး စာသင်နှစ်တစ်နှစ် ရပ်နားထားခဲ့ရပြီး ယခုနှစ်တွင် မွန်အမျိုးသားကျောင်းမှ ထောက်ပံ့ကြေးစရိတ်ဖြင့် ပညာဆက်လက်သင်ယူနိုင်ခဲ့သည်ဟု ဆိုသည်။

ခေတ်အဆက်ဆက် ပညာရေးဝန်ကြီးဌာမှ “အခမဲ့ပညာရေးစနစ်” ကို ဦးစားပေးလုပ်ဆောင်နေသော်လည်း အပြင်စာသင်ဝိုင်းတွင် မသင်မပြီးသည့် အနေအခြေအနေတွင်ရှိနေပြီး ဘော်ဒါဆောင်တွင်အပ်နှံထားရခြင်း၊ အပြင်စာသင်ဝိုင်းနှင့် ကျူရှင်ထပ်မံ တက်ရောက်နေရသည်။

စစ်ကောင်စီပညာရေးဌာနမှအချက်အလက်အရ စစ်အာဏာသိမ်းပြီး ကုန်ဈေးနှုန်းနှင့်ညာသင်ယူစရိတ် မြင့်တက်လာသည့်နောက်တွင် အထက်တန်းအရွယ် ကျောင်းသူ/သားတို့၏ ပညာသင်ယူနိုင်မှုအခြေအနေ လျော့နည်းလာခဲ့သည်ဟု ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဒီအခြေနေမှာဆို စီးပွားရေးချို့တဲ့တဲ့မိဘတွေက အင်မတန်ကို ရုန်းရတဲ့အနေထားကို ရောက်လာကြတယ်။ ဒီကနေတစ်ဆင့် ကလေးငယ်တွေ ကျောင်းနားရတဲ့အခြေနေကို ရောက်ရှိလာမယ်။ ကလေးတွေ အလုပ်လုပ်ရတဲ့အခြေနေ ပြည်ပကိုထွက်ရတဲ့အခြေနေ ရောက်လာမယ်။ ဒီအခြေနေမရောက်ရင် ပျက်စီးသွားတဲ့အခြေနေကိုရောက်မယ်” ဟု ဆိုသည်။

အထွေထွေ စားဝတ်နေရေးအခက်အခဲအပြင် လက်နက်ကိုင်တပ်ဖွဲ့တို့၏စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုက်ထို၊ ဘီလင်း၊ ကျိုက်မရောနှင့် ရေးမြို့နယ်တို့တွင် ပညာမသင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူ ရာနှင့်ချီရှိနေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ကျောင်းစတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူဦးရေ သိန်း ၆၀ နီးပါးတက်ရောက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် စာသင်နှစ်ထက် ကျောင်းတက်ရောက်သည့် ကျောင်းသားဦးရေ ၃ သိန်းအထိ လျော့ကျနေကြောင်းလည်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်တို့ ထိန်းချုပ်ထားသည့် ဒေသများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် ဒေသတို့တွင် စစ်ကောင်စီ၏ ပညာရေးစနစ် လည်ပတ်နိုင်ခြင်းမရှိသည့်အပြင် စားဝတ်နေရေးအခက်ခဲတို့ကြောင့် ကျောင်းသားဦးရေလျော့ကျနေခြင်းဖြစ်ကြောင်း စစ်ကောင်ပညာရေးတာဝန်ရှိသူတို့က ဆိုသည်။

February 4, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ အင်အားရာနှင့်ချီရှိသည့် တပ်သားများနှင့်အတူ...
February 3, 2026
ထိုင်းနိုင်ငံရှိ မွန်လူမျိုးနှင့် ဟံသာဝတီမွန်ဒေသအတွင်းရှိ မွန်လူမျိုးများကြား ပညာရေး၊ ဘာသာစကား၊...
January 30, 2026
မူးယစ်ဆေးဝါးအမျိုးမျိုး ရောင်းဝယ်သုံးစွဲမှု ကျယ်ပြန့်လာနေသည့် စစ်ကော်မရှင်ထိန်းချုပ်ရာ...
KNU သထုံခရိုင်မှ စစ်ဘေးရှောင်များ(ယခင်ပုံဟောင်း)
January 29, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်တွင်  ရွေးကောက်ပွဲကာလအတွင်း...