ဟုမ္မလင်းမြို့နယ်အတွင်းမှာ အင်းအိုင်ပျက်စီးမှုကြောင့် ငါးရှားပါးလာမှုပြဿနာတွေ ရင်ဆိုင်ရ

ဟုမ္မလင်းမြို့နယ်အတွင်းမှာ အင်းအိုင်ပျက်စီးမှုကြောင့် ငါးရှားပါးလာမှုပြဿနာတွေ ရင်ဆိုင်ရ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာ အင်းအိုင်များပျက်စီးမှုကြောင့် ငါးရှားပါးမှုပြဿနာတွေနဲ့  ရင်ဆိုင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ  မြစ်ချောင်း၊  အင်းအိုင်များကို အဓိထားပြီး ရွှေလုပ်ကိုင်မှုတွေ လုပ်ဆောင်နေတာကြောင့် အင်းအိုင်များအတွင်း ရွံနွံများကြောင့် ငါးရှားပါးတာဖြစ်ကြောင်း တံငါသည်တွေက ဆိုကြပါတယ်။

"အရင်ကဆို ပိုက်တစ်ဖြတ်ကို ငါး သုံးပိဿာရတယ်။ အခုဆိုရင် ပိုက်ဆယ်ဖြတ်ဆိုရင်တောင် ငါးတစ်ပိဿာ ရချင်မှရတာ။ နွံတွေကြောင့် ငါးတွေ မနေတော့ဘူလေ” လို့‌ တံငါးသည်တစ်ဦးက ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက သဖန်းကုန်း၊ မာလုံ၊ အထက်ဟဲခမ်း၊ အီပင်း၊ ပင်းမခေါ် ၊ မိုးလင်း၊ မော်စိန်၊ အောက်ဟဲခမ်း၊ ကွန်းတောင်းကျေးရွာ စတဲ့ ကျေးရွာ ၉ ရွာ ငါးရှားပါးမှုတွေဖြစ်ပွားနေတာလို့ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ် ဒေသခံတွေဟာ  မြစ်ချောင်း အင်းအိုင်တွေကို အဓိက အမှီပြုပြီးနေထိုင်ကြပြီး တံငါလုပ်ငန်းနှင့် တောင်သူလယ်ယာလုပ်ငန်းတွေကို အခြေခံပြီး အသက်မွေးဝမ်းကြောင်းပြုပြီး နေထိုင်နေကြတာလည်းဖြစ်ပါတယ်။

"မျှောတွေမောင်းတာကြောင့် ရေတွေက နောက်ကုန်ပြီ နွှံရေတွေကြောင့် ငါးတွေလည်း လာမနေတော့ဘူးလေ ငါးတွေထွက်ကုန်ပြီ" လို့ သူကဆက်ပြောပါတယ်။

အခုလို အင်းတွေပျက်ဆီခဲ့တော့ စားဝတ်နေရေးတွေမပြေလည်တာတွေလည်းရှိလာကြတယ် ရပ်ရေးရွာရေး ကိစ္စတွေမှာလည်း ခွဲတမ်းကြတွေ မပေးနိုင်တဲ့အနေထားတွေဖြစ်လာကြတယ်လို့ဒေသခံများကပြောကြပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ငါးတွေကို  စီးပွားဖြစ် ဖမ်းယူနိုင်တဲ့ အင်း ၁၃ အင်းနဲ့ တင်ဒါပေးတဲ့အကွက် ၁၆ ကွက်ရှိပြီး နှစ်စဉ် ငါးတန်ချိန် ၆ ထောင်ကျော်ထွက်ရှိတယ်လို့ သိရပါတယ်။

March 28, 2026
နေ့စဉ်ဆီတန်းစီစရာမလိုတော့ဘဲ စက်စွမ်းအားအလိုက်ဝယ်ယူခွင့်ပမာဏအတွက် အကြိမ်ရေနဲ့...
March 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း စက်သုံးဆီသုံးယာဉ်များဖြစ်တဲ့...
March 26, 2026
တအာင်း(ပလောင်)တပ် (TNLA) က စစ်တပ်ထံကို ပြန်အပ်ခဲ့တဲ့ မိုးကုတ်မြို့နယ်ထဲမှာ NUG လက်အောက်က PDF...
March 25, 2026
လေယာဉ်ဆီအခက်အခဲတွေကြောင့် မြန်မာနိုင်ငံအတွင်း ပြေးဆွဲနေကြတဲ့ MAI နဲ့ MNA လေကြောင်းလိုင်း တို့က...