လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရာတွင် မော်ဒယ်မြင့်ယာဉ်များကိုသာ ပိုမိုဖမ်းဆီး

လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရာတွင် မော်ဒယ်မြင့်ယာဉ်များကိုသာ ပိုမိုဖမ်းဆီး

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးသွားမှာဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ပြီးနောက် ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ်များအား  စစ်ဆေးတင်းကြပ်ရာတွင် မော်ဒယ်မြင့်ယာဉ်များကိုသာ ပိုမိုဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

“ပင်းဘောမှာတော့ ရဲတွေဖမ်းတာပါ့။ ဝစ်သောက်ကားဖမ်းတဲ့ဟာလည်း မော်ဒယ်နိမ့်တဲ့ကားတွေ မမြင်ပါဘူး။ မော်ဒယ်မြင့်တဲ့ကားတွေပဲ ဖမ်းတာ အခုက” ဟု အဖမ်းအဆီးတင်းကြပ်နေတဲ့ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာနေသူတစ်ဦးက အခုလိုပြောပြပါတယ်။

မကြာသေးမီ ရက်ပိုင်းဖြစ်တဲ့ ဇွန် (၃) ရက်နေ့မှာ မြစ်ကြီးနားမြို့အတွင်းက  Landcruiser (လင့်ခရူဆာ) ကား (၁) စီး၊ Harrier ကား (၁) စီး၊ Honda fit တစ်စီးနဲ့ Crown တစ်စီး စုစုပေါင်းလိုင်စင်မဲ့ (၄) စီးတို့ကို မောင်းနှင်သူလူငယ်များနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

လူငယ်အမျိုးသားများဖြစ်ကြတဲ့ ဆိုင်းတူးမိုင်၊ ဂွမ်လတ်ဒူ၊ ကျန်းဘောမ်နဲ့ သီဟတို့လေးဦးနဲ့ လိုင်စင်မဲ့ယာဉ်များကို တပ်ကုန်းရပ်ကွက်၊ ပမ္မတီးရပ်ကွက်၊ စီတာပူရပ်ကွက်တွေကနေ တွေ့ရှိဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“အကောင်းဆုံးကတော့ ကချင်ပြည်နယ်ဆို ကချင်ပြည်နယ်အတွင်း မောင်းလို့ရတဲ့ လိုင်စင်လေးတွေထုတ်ပေးရင်တော့ ကောင်းတာပါ့အေး။ လိုင်စင်ကားတွေကို စျေးလျှော့ပေးမယ်လို့တော့ ပြောတာပဲ။ အခုကဖြင့် ကားတွေပါမကဘူး ဆိုင်ကယ်တွေလည်း ဖမ်းမယ်ဆိုတော့ ဒီမှာ စျေးရောင်းစျေးဝယ်တဲ့သူတွေ အခြေခံလူတန်းစားတွေက ဘယ်လိုလုပ်တော့မှာတုန်း” ဟု လိုင်စင်ယာဉ်များကို စျေးနှူန်းသက်သာစွာ ရောင်းချပေးသွားမယ်လို့ ပြောဆိုမှုတွေရှိကြောင်း မြစ်ကြီးနားမြို့သားတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံအနှံ့က လိုင်စင်မဲ့ယာဉ်များကို သတင်းအတိအကျရရှိပါက အိမ်တိုင်ရာရောက် ဝင်ရောက်ဖမ်းဆီးမှာဖြစ်ကြောင်း  သတိပေးပြောဆိုထားသော်လည်း ကချင်ပြည်နယ်မှာ ယနေ့ထိတော့ လမ်းမပေါ်များတွင်သာ ဖမ်းဆီးမှုရှိနေသေးကြောင်း မိုးကောင်းဒေသခံများထံမှ သိရပါတယ်။

May 29, 2026
ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းများ တင်သွင်းခြင်းမရှိဘူးဟုဆိုကာ...
May 26, 2026
စစ်ကိုင်းဒေသကြီးအထက်ပိုင်းမှာ တိုက်ပွဲများပြန်လည်ပြင်းထန်လာတာကြောင့် ထီးချိုင့်- ကသာ...
May 25, 2026
မြစ်ကြီးနားမြို့ပေါ်မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ရွှေပြည်သာရပ်ကွက် ရှိ...
May 23, 2026
တိမ်ညိုတွေဟာ ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းနေပါတယ်။ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းက...