ပန်နန်းဒင်မြို့အဝင် တံတားအပါ ကျေးရွာချင်းဆက် တံတား ၅ ခုအထိရေထဲမျောပါသွား

ပန်နန်းဒင်မြို့အဝင် တံတားအပါ ကျေးရွာချင်းဆက် တံတား ၅ ခုအထိရေထဲမျောပါသွား

ကချင်ပြည်နယ် နောင်မွန်မြို့နယ်ထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပန်နန်းဒင်မြို့အဝင်တံတားအပါအဝင် ကျေးရွာချင်းဆက်တံတား ၅ ခုအထိ ရေစီးထဲမျောပါသွားကြောင်း သိရပါတယ်။

နောင်မွန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီးတာ၊ မေခနဲ့မလိခ ချောင်းရေမြင့်တက်တာတွေကြောင့် ပန်နန်းဒင်မြို့အဝင် တံတားအပါအဝင် ကျေးရွာချင်းဆက်လမ်းပိုင်းမှာရှိတဲ့ တံတားကြီး ၅ ခုနဲ့ တံတားငယ်တွေအများအပြား ရေစီးနဲ့မျောပါသွားတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

“ပန်နန်းဒင်မြို့အဝင်တံတားကတော့ နှစ်ရက်နေ့က ပါသွားတာဟုတ်တယ် ပြီးတော့ ဟိုးဘက်တဆူထုတို့ ဂဝိုင်တို့ဘက်ကလည်း အဓိကတံတားကြီးတွေအများကြီးပါသွားတယ်။ အခုလောလောဆယ်က သွားလို့လာလို့လည်းမရတော့ဘူး အဆက်အသွယ်တွေ ပြတ်နေကြတယ်” လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

မိုးရွာသွန်းမှုကြောင့်မှု ပန်နန်းဒင်မြို့အဝင်က နမ့်တမိုင်ချောင်းကူးတံတား (ကြိုးတံတား) တစ်စင်း၊ တဆူထုနဲ့ ဒဇုန်ရွာကြားက ကြိုးတံတား၊ ဒဇုန်ရွာနဲ့ ဂဝိုင်ရွာကြားက မရီမိုင်းကြိုးတံတား၊ဒဘူဒမ်းကျေးရွာအဝင်ရှိ ခေါ်ရိုးကြိုးတံတား နဲ့အဝိဝမ်ရွာရှိ ကြိုးတံတားတစ်စင်းစုစုပေါင်းတံတားကြီး ၆ ခုအထိပျက်စီးခဲ့ပြီး တံတားငယ်တွေလည်း အများအပြားပျက်စီးသွားတယ်လို့ သိရပါတယ်။

“အခုမျောသွားတဲ့တံတားတွေက တံတားကြီးတွေဟုတ်တယ် တံတားမရှိရင်သွားလို့ရမဘူးချောင်းတအားကြီးတယ် အဲ့ကြောင့်အခုတံတားမပြီးမချင်းကတော့ အဲ့ဘက်ကလူတွေက ဒီဘက်ကိုလာလို့လည်းမရဘူးသွားလို့လည်းမရဘူး ဖြစ်သွားမှာ” လို့ အထက်ဖော်ပြပါနောင်မွန်းမြို့ခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

အထက်ဖော်ပြပါ ကြိုးတံတားတွေပျက်စီးသွားတာကြောင့် ကျေးရွာပေါင်း ၁၀ ရွာခန့်က နောင်မွန်မြို့ပေါ်ကို ကျောင်းလာတက်မယ့် ကျောင်းသား/သူတွေလည်းပိတ်မိနေတယ်လို့ နောင်မွန်မြို့အခံအခြားဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

“အများဆုံးကတော့ မြို့ပေါ်လာတက်မယ့်အထက်တန်းကျောင်းသားတွေကများတယ် ဂဝိုင်တို့ ၊ဒဇုန်တို့ပြီးတော့ မဖုန်ကန်ဘက်ကလည်း လာရမှာ အခုတံတားတွေပျက်နေတော့ မလာနိုင်ကြသေးဘူးကျောင်းကတက်နေပြီ ဟိုဘက်ဆိုရွာတွေအများကြီးပဲဒီဘက်ကိုကျောင်းလာတက်မယ့်ကလေးတွေရှိတဲ့ရွာပေါ့ လောလောဆယ်က ကလေးတွေကျောင်းလာတက်နိုင်ဖို့အရမ်းအရေးကြီးနေတယ်” လို့ သူကပြောပါတယ်။

နောင်မွန်မြို့ပေါ်ကို ကျောင်းလာတက်ရမယ့်ထဲမှာ အထက် တန်းကျောင်းသား/သူတွေနဲ့ အလယ်တတန်း ကျောင်းသား/သူတွေပါဝင်ပြီး အထက်မှာဖော်ပြခဲ့တဲ့ ကျေးရွာတွေအပြင် မဖုန်ကန်ရွာ၊ တရုတ်ပြည်နယ်စပ် တလျှောက် ကရွာတွေနဲ့ တိဘက် ဖက်ကကျောင်းသားကျောင်းသူတွေအများအပြား ပိတ်မိနေတယ်လို့ သိရပါတယ်။

လက်ရှိမျောပါသွားတဲ့တံတားတွေထဲမှာ ပန်နန်းဒင်မြို့အဝင်တံတားက အကြီးဆုံးဖြစ်ပြီး အဲ့ဒီတံတားဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလတုန်းကလည်း ရေကြီးမှုကြောင့် တစ်ကြိမ်မျောပါခဲ့ဖူးပြီး အသစ်ပြန်လည်တည်ဆောက်ထားတာဖြစ်ပါတယ်။

နောင်မွန်မြို့နယ်ထဲမှာ မိုးရွာသွန်းမှုကြောင့် တံတားတွေအများအပြားမျောပါသွားသလို လူနေအိမ်တွေနဲ့ လယ်ယာ၊စိုက်ခင်းတွေလည်း အများအပြား ရေနှစ်လွှမ်းမိုးခံနေရတယ်လို့ သိရပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...