ပင်လောင်းမြို့နယ် စစ်ကောင်စီက ပြည်သူများထံ စစ်ထောက်ပံ့ကြေးကောက်ခံနေ

ပင်လောင်းမြို့နယ် စစ်ကောင်စီက ပြည်သူများထံ စစ်ထောက်ပံ့ကြေးကောက်ခံနေ
ပုံအညွှန်း - ပင်လောင်းမြို့စျေး။
ပုံအညွှန်း - ပင်လောင်းမြို့စျေး။

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့အတွက် ဒေသခံများက စစ်မှုထမ်းထောက်ပံ့ကြေးများ ထည့်နေရကြောင်း သတင်းရရှိသည်။

ယခု ဇွန်လ ပထမပတ်တွင် ပင်လောင်းမြို့ပေါ်နှင့် မြို့အနီးရှိ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီ လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဒေသခံများကို အကြောင်းအမျိုးမျိုးပြ၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့အတွက် စစ်မှုထမ်းထောက်ပံ့ကြေးများ ကောက်ခံနေကြောင်း သတင်းရင်းမြစ်တစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာတွေဘက်ရယ် ကျနော်တို့ မြို့ပေါ်ဘက်တွေကိုလည်း ကောက်တယ်။ ဘယ်မှာသုံးလဲ ဒါမှမဟုတ် တခြား အကြောင်းပြချက်နဲ့ ကောက်တာ အတိအကျ မပြောပြဘူး။ တစ်လ တစ်ခါ နှစ်လ တစ်ခါ ကောက်တယ်။ သူတို့က စစ်သားအတွက် မဟုတ်ရင် ဒီလောက်အများကြီး မကောက်ဘူး။ ကောက်တာ ၃ ခါလောက်ရှိပြီ သတင်းသိပ်မထွက်တာတစ်ခုပဲ” ဟု ပင်လောင်းဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပင်လောင်းမြို့ပေါ်နှင့် မြို့အနီး ကျေးရွာအုပ်စုရှိ ဒေသခံများထံ စစ်ကောင်စီခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက တစ်အိမ်လျှင် ကျပ် ၁ သောင်းခွဲမှ ၂ သောင်းအထိ ကောက်ခံခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလထဲတွင် ပင်လောင်းမြို့နယ်၊ ဘုရားဖြူ၊ တီကျစ်ကျေးရွာအုပ်စု ဘက်တွင်လည်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က စစ်ထောက်ပံ့ကြေးများ ကောက်ခံပြီး ထမင်းဟင်းထုပ်များပါ ပို့ခိုင်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ယခု ဇွန်လ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့်‌ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ညောင်ရွှေမြို့နယ်၊ ဘုရားတောင် လွယ်နွဲ့ကျေးရွာနှင့် ရေပူ (ထီခိုး) ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားတာ ကျေးရွာရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...