ရန်ကုန်မြို့လူဦးရေ၏ ၂ ဒသမ ၇ သန်းခန့် ဆင်းရဲနွမ်းပါးနေပြီး ဆင်းရဲတွင်း ပိုနက်လာဟု UNDP ပြော

ရန်ကုန်မြို့လူဦးရေ၏ ၂ ဒသမ ၇ သန်းခန့် ဆင်းရဲနွမ်းပါးနေပြီး ဆင်းရဲတွင်း ပိုနက်လာဟု UNDP ပြော
ရန်ကုန်တွင် စားအုံးဆီတန်းစီဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ်အတွင်းက တွေ့ရစဥ်။ ရန်ကုန် မြို့ လူဦးရေ၏ ၂ ဒသမ ၇ သန်းခန့်မှာ ဆင်းရဲနွမ်းပါးမှုအခြေအနေနှင့် ကြုံတွေ့နေရပြီး ဆင်းရဲတွင်းသည်လည်း နက်သည်ထက်ပိုနက်လာနေကြောင်း UNDP Myanmar က ဇွန်လ ၃ ရက်နေ့တွင်ပြောသည်။ (MEODA)
ရန်ကုန်တွင် စားအုံးဆီတန်းစီဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ်အတွင်းက တွေ့ရစဥ်။ ရန်ကုန် မြို့ လူဦးရေ၏ ၂ ဒသမ ၇ သန်းခန့်မှာ ဆင်းရဲနွမ်းပါးမှုအခြေအနေနှင့် ကြုံတွေ့နေရပြီး ဆင်းရဲတွင်းသည်လည်း နက်သည်ထက်ပိုနက်လာနေကြောင်း UNDP Myanmar က ဇွန်လ ၃ ရက်နေ့တွင်ပြောသည်။ (MEODA)

ရန်ကုန်မြို့ လူဦးရေ၏ ၂ ဒသမ ၇ သန်းခန့်မှာ ဆင်းရဲနွမ်းပါးမှုအခြေအနေနှင့် ကြုံတွေ့နေရပြီး ဆင်းရဲတွင်း နက်သည်ထက်ပိုနက်လာနေကြောင်း ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် (UNDP Myanmar) ၏ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

“ရန်ကုန်မြို့ပြ ဆင်းရဲနွမ်းပါးမှုအား လှစ်ဟသုံးသပ်ခြင်း” ခေါင်းစဉ်ဖြင့်ထုတ်ဝေသည့် အဆိုပါ အစီရင်ခံစာ တွင် ၂၀၁၇ ခုနှစ်က ရန်ကုန်မြို့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ ဆင်းရဲနွမ်းပါးသူများအဖြစ်ရှိနေခဲ့ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်အရောက်တွင် ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဆိုထားသည်။

ရန်ကုန်မြို့၏ခန့်မှန်းလူဦးရေမှာ ၆ ဒသမ ၂ သန်းခန့်ရှိရာ ဆင်းရဲနွမ်းပါးသူလူဦးရေမှာ နှစ်သန်းခန့် ပိုတိုး လာပြီး လက်ရှိတွင် လူဦးရေ၏ ၂ ဒသမ ၇ သန်းခန့် ဆင်းရဲနွမ်းပါးမှုအခြေအနေနှင့် ကြုံတွေ့နေရခြင်းဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း နေထိုင်သူများတွင် ဆင်းရဲနွမ်းပါးသူဦးရေများပြားလာနေရုံမက ပြန်လည်နာလန်ထူရန် ခက်ခဲသော ဆင်းရဲတွင်းနက်ထဲကျရောက်နေသူများပါ တိုးလာနေကာ ၂၀၁၇ ခုနှစ်က ဆင်းရဲတွင်းနက်ထဲ ကျရောက်နေသူများမှာ နှစ်ရာခိုင်နှုန်းခန့်သာရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းအထိ တိုးလာ ကြောင်းလည်း သိရသည်။

ရန်ကုန်မြို့သည် မျှော်လင့်မထားလောက်အောင် ကြောက်မက်ဖွယ်မြင့်တက်လာနေသည့် မြို့ပြဆင်းရဲ နွမ်းပါးမှုဒဏ်ကို အံတုနေရခြင်းဖြစ်ပြီး အထူးသဖြင့် နိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် စီးပွားရေးကျပ်တည်းပြိုလဲမှုများကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်ကြရသူများ ခိုလှုံရာအဖြစ် ရွေးချယ် လေ့ရှိသည့် ဆင်ခြေဖုံးမြို့နယ်များတွင် အများဆုံးကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဆိုထားသည်။

စီးပွားရေးအခွင့်အလမ်းများနှင့် အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တိုးတက်ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်ခြင်း၊ အများသူငှာလုံခြုံရေးကို တိုးတက်အောင်ပြုလုပ် ခြင်း စသည့် အရေးပေါ်ကူညီဆောင်ရွက်မှုများမရှိပါက ရွှေ့ပြောင်းလာသူများနှင့် ဆင်းရဲနွမ်းပါးသူများကို ထောက်ကန်ပေးထားသည့် ရန်ကုန်မြို့၏ စွမ်းရည်မှာ ဆက်လက်ကျဆင်းလာဖွယ်သာရှိကြောင်းလည်း UNDP Myanmar က ပြောသည်။

UNDP Myanmar အနေဖြင့် ယခု သုတေသနအစီရင်ခံစာကို ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ကောက်ယူခဲ့သော စစ်တမ်းမှ မေးမြန်းဖြေဆိုမှုပေါင်း ၄,၈၀၀ ကျော်၏ အချက်အလက်များကို အခြေခံပြီး အသေးစိတ် တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

ပြဿနာအခက်အခဲများကို ဖြေရှင်းရန် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် တုံ့ပြန်ဆောင်ရွက်မှုပုံစံမျိုးစုံကို လုပ်ဆောင်ရန်လိုအပ်နေပြီး စီးပွားရေးတည်ငြိမ်လုံခြုံမှုကိုအတိုင်းအတာတခုအထိ ပြန်မြင့်တက်ရန်ဆိုပါ က အရေးကြီးသည့်အချက်မှာ အလုပ်အကိုင်အခွင့်အလမ်းများကို တိုးချဲ့ဖန်တီးပေးရန်ဖြစ်ပြီး ထိုအရာကို အကောင်အထည်ဖော်ရန်မှာလည်း ယခုလို စီးပွားရေးကျဆင်းနေခိုက် လွန်ခွာခက်ခဲကြောင်းလည်း ထောက်ပြထားသည်။

ထို့ပြင် လူမှုအသိုက်အဝန်းအတွက် အရေးတကြီးလိုအပ်နေသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန်မှာလည်း ဘဏ္ဍာရေးခွဲတမ်းတွင် စစ်ရေးအတွက်သာ အများအပြားပုံအောသုံးစွဲနေခြင်းက အတားအဆီးတခုဖြစ်စေ ပြီး ယခုအချိန်တွင် စစ်ရေးအတွက်အသုံးစရိတ်မြင့်မားလှပြီး ခန့်မှန်းချေအရလည်း ဆက်လက်မြင့်တက် နေဖွယ်ရှိနေကြောင်း UNDP Myanmar က ထည့်သွင်းပြောထားသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...