စစ်ကောင်စီ စစ်ကြောင်းကြောင့် ပခုက္ကူ-ပေါက် လမ်းပိုင်းမှာ ဒေသခံ ၁၀၀၀၀ ကျော် စစ်ရှောင်နေရ

စစ်ကောင်စီ စစ်ကြောင်းကြောင့် ပခုက္ကူ-ပေါက် လမ်းပိုင်းမှာ ဒေသခံ ၁၀၀၀၀ ကျော် စစ်ရှောင်နေရ
ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန။
ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန။

မကွေးတိုင်း ပခုက္ကူ-ပေါက် လမ်းပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းကြောင့် ဒေသခံ ၁၀၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၂၈ ရက်က ထွက်လာတဲ့ စစ်ကောင်စီရဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ရဲ့ အင်အား ၁၂၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ ပေါက်မြို့နယ် ရေပြာစခန်းကို မေ ၃၁ ရက်က ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

"နေထိုင်စားသောက်ရေး ဒေသခံအုပ်ချုပ်ရေးနဲ့ လူသားစာနာတို့က စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ မိုးအဆက်မပြတ်ရွာတော့ တောထဲမှာ ကျွဲ၊ နွား၊ တိရိစ္ဆာန်တွေပါတဲ့အတွက် အခက်အခဲ ရှိနေတယ်" လို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်မြို့နယ်ကို ရိက္ခာပို့မယ့် ယာဉ်တန်းရဲ့ ရှေ့ပြေးစစ်ကြောင်းဖြစ်ပြီး ကမ္မကနေ ပေါက်အထိ လမ်းကြောင်းတလျှောက်က ကျေးရွာတွေ စစ်ရှောင်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ကျေးရွာတွေဟာ စစ်ကြောင်းနဲ့လွတ်ရာ တောတောင်တွေနဲ့ လယ်မြေတွေထဲမှာ စစ်ရှောင်နေကြရပြီး မိုးမပြတ်တာကြောင့် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒီစစ်ကြောင်းက ကနဦးထွက်လာတာလို့ယူဆလို့ရတယ်။ တစ်ရာ့တစ် (တပ်မ ၁၀၁) ထဲမှာက ကားအစီးရေ တစ်ရာကျော်လောက် ပြင်ဆင်ထားတယ်လို့ သိရတယ်။ ပေါက်မြို့အတွင်းက ပျူရွာတွေကို ရိက္ခာပို့ဖို့ရည်ရွယ်တာလို့ ထင်ပါတယ်" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတလျှောက် ကမ္မတပ်ပေါင်းစုထဲက ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ စခန်းမီးရှို့ခံရပြီး ထန်းတက်သမား နှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁ ရက်မှာ ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ ကားအစီးရေ ၁၀၀ ကျော်ပါ စစ်ကောင်စီ ရိက္ခာယာဉ်တန်းရဲ့ အစီးရေ ၇၀ ကျော်ဟာညနေပိုင်းမှာ ကန်တော်ရွာကို ရောက်ရှိပြီး ဇွန် ၂ ရက်မှာ ကန်တော်ရွာကနေ ထွက်ခွာနေပြီလို့ သိရပါတယ်။

Most read this week

September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...