လုထုတွေ ကျန်းမာရေး၀န်ဆောင်မှု ပိုမိုရရှိနိုင်ဖို့ ဘက်စုံ ကျန်းမာရေးဝန်ဆောင်မှုစင်တာကို ဖွင့်လှစ်ထား

လုထုတွေ ကျန်းမာရေး၀န်ဆောင်မှု ပိုမိုရရှိနိုင်ဖို့ ဘက်စုံ ကျန်းမာရေးဝန်ဆောင်မှုစင်တာကို ဖွင့်လှစ်ထား

ကရင်နီပြညိ၊ လွိုင်နန်းဖမြို့နယ်တွင်း တနေရာမှာ ကရင်နီသူနာပြုများအစည်းရုံး (KNA) နဲ့ NGOs ၊ INGOs များ ပူးပေါင်းပြီး ဘက်စုံ ကျန်းမာရေးဝန်ဆောင်မှု Integrated Health Service Center (IHSC) ဖွင့်ပွဲ ကို ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဘက်စုံကျန်းမာရေးဝန်ဆောင်မှု Integrated Health Service Center (IHSC) ဖွင့်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး စီမံကိန်း ညွှန်ကြားရေးမှုး ဂျဲဂျဲက အခုလိုပြောပါတယ်။

“ကျမတို့မှာ လူထု အပါအဝင် ကျမတို့မှာ ထိခိုက်လွယ်တဲ့ လူတွေ ဥပမာ ကိုယ်ဝန်ဆောင်တွေ ကလေးသူငယ်တွေ ဒီဟာလဲပါတယ်ပေါ့။ ဒီလိုတွေအတွက်ကို ကျမတို့က အခြေခံကျန်းမာ ပြုစုစောင့်ရှောက်မှုအပါအဝင် ပဏာမ ကျန်းမာရေးပြုစု စောင့်ရှောက်ရေးလို့ ကျမတို့ခေါ်တယ်။အဲ့ဒါအပြင် တီဘီ၊ငှက်ဖျားရယ် ပြီးတော့မှ HIVနဲ့ပတ်သက်တဲ့ ကာကွယ်ရေးကော ကုသရေး‌နဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ ကျန်းမာရေးဝန်ဆောင်မှုကို ကျမတို့ အဓိက လူထုတွေပိုမိုလက်လှမ်းမှီဖို့ စနစ်တကျ ဒါတွေကို ရရှိရန်တစ်ခုဖြစ်တယ်လို့” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ရပ်ရွာကို အခြေခံတဲ့ ကျန်းမာရေးစနစ်တခု ပိုပြီးတော့ ဖြစ်ထွန်းဖို့ အတွက် အားလုံးရဲ့ အားပေးထောက်ခံမှုတွေ လိုအပ်သလို လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ကျန်းမာဝန်ဆောင်မှု တိုးမြင့်တာတွေ ဆေးပစ္စည်းစီမံခန့်ခွဲမှုတွေ၊ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေ ဒါတွေနဲ့ပတ်သက်ပြီး စွမ်းဆောင်ရည်တွေ ပိုပြီးမြင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အခုလို (IHSC)ဖွင့်လှစ်ပေးတာဟာ ရပ်ရွာအတွက်သာမက အနီးအနားက ကျေးရွာတွေအတွက်ပါ အများကြီးအကျိုးရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦးဖြစ်တဲ့ ဦးဘာဘီးနိုက ပြောပါတယ်။

“ဒီအနီးနားက ကျေးရွာ အုပ်စုထဲမှာ ရှိတဲ့ တချို့ဆိုလဲ ဖရူဆို အနောက်ဖက်ခြမ်းက သူတွေအတွက်ဆို ပိုနီးတာပေါ့။ သွားရ လာရတာ။ ဒီစစ်ဆေးမှု အပိုင်းလဲ တီဘီပဲဖြစ်ဖြစ် HIVပဲ ဖြစ်ဖြစ် ငှက်ဖျားပဲဖြစ်ဖြစ် ဒီလိုမျို‌တွေပေါ့။ လာပြီး ဓာတ်ခွဲ စစ်ဆေးကြည့်လိုက်ရင် ပြည်သူတွေအတွက်ပိုပြီး အဆင်ပြေတယ်။ကျေးရွာတွေ အတွက်လဲ အကျိုးပြုမှုတွေ အများကြီး ရှိတာပေါ့” လို့ ဦးဘာဘီးနိုက ပြောပါတယ်။

ကရင်နီလူထုတွေ လက်လှမ်းမှီနိုင်တဲ့ ကျန်းမာရေး၀န်ဆောင်မှုကို KNA နဲ့ မိတ်ဖက်အဖွဲ့အစည်း‌တွေက ဆက်လက်လုပ်‌‌ဆောင်သွားဖို့ရှိသလို လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အကူအညီတွေလဲ လိုအပ်တယ်လို့ သိရပါတယ်။

ဘက်စုံကျန်းမာရေး ၀န်ဆောင်မှုစင်တာကို လွိုင်နန်းဖ မြို့နယ်အပါအ၀င် ၂ နေရာမှာ ဖွင့်လှစ်ထားပြီး ထပ်မံ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လွိုင်နန်းဖမြို့နယ်အတွင်းက ကျေးရွာအုပ်စု (၈) အုပ်စု၊ ရွာပေါင်း (၅၁) ရွာနဲ့ လူဦးရေ (၂၄၀၀၀) ကျော်က အခု ဖွင့်လှစ်ထားတဲ့ စင်တာမှာ ကျန်းမာရေး ၀န်ဆောင်မှုရယူနိုင်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...