လွိုင်ကော်မှာ Kpay သုံးစွဲမှုကို စစ်ကောင်စီစစ်ဆေးတာကြောင့် မြို့ခံတွေ အခက်တွေ့

လွိုင်ကော်မှာ Kpay သုံးစွဲမှုကို စစ်ကောင်စီစစ်ဆေးတာကြောင့် မြို့ခံတွေ အခက်တွေ့

ကရင်နီပြည်၊ လွိုင်ကော်မြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်တွေနဲ့ အွန်လိုင်း ငွေလွဲ၊ ငွေထုတ် ပြုလုပ်ပေးတဲ့ဆိုင်တွေမှာ စစ်ကောင်စီက Kpay ကတဆင့် ငွေလွဲပြောင်းမှုတွေကို ပိုမိုစစ်ဆေးမှုတွေ ပြုလုပ်လာတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

“ဒီမှာ ဘဏ်တွေက မရှိတော့ kpay တို့ wave တို့ပဲ အားကိုးနေရပါတယ်ဆို အဲ့ဒါတွေပါ လိုက်စစ်ရင်တော့ ဘယ်အဆင်ပြေတော့မလဲ” လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း လွိုင်ကော်မြို့ အဝင်/အထွက် ဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးမှုကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ခဲ့ပြီး CDM ပြုလုပ်ထားသူဝန်ထမ်းတွေသာမက Non- CDM ဝန်းထမ်းတချို့ကိုလည်း ဖမ်းဆီးခဲ့တာရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“Kpay (ကေပေး) ကနေ ထောက်ပို့ကူနေတဲ့ သူတွေမိပြီးကတည်းက အဲ့ဒီ သူတွေရဲ့ ငွေလွှဲထားတဲ့သူတွေကို လိုက်နေတယ်လို့ ကြားတယ်” လို့ လွိုင်ကော် မြို့ခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ လွိုင်ကော်မြို့တွင်းကို ပြန်လည်နေထိုင်ကြသူလည်း များပြားနေပြီး မြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ Kpay အကောင့် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူလည်း ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“သူတို့က ဘယ်လိုစစ်တယ် သေချာမသိဘူး။ သူ့ကိုထားခဲ့ သွားလို့ရပြီးဆို သွားရတာပဲ။ တစ်ခါတစ်ရံ တောင်းပန်ပေး ငွေညှိပေးလိုက်ရင်ရပေမယ့် တစ်ခါတစ်လေတော့လည်း မရပြန်ဘူး။ လွိုင်ကော်ထဲ ဝင်မယ် ထွက်မယ်ဆိုရင်တော့ ဖုန်း ကိုသေချာလေး ဖျက်သင့်တာ ဖျက်ထားကြတာ အကောင်းဆုံးပဲ” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင် – လွိုင်ကော် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း စစ်ဆေးမှုတွေတင်းကြပ်နေတယ်လို့ ဖြတ်သန်းသွားလာသူတွေက ပြောပါတယ်။

ဒီလို စစ်ဆေးမှုတွေကြောင့် မြို့ခံ CDM သမားတွေ၊ Kpay အကောင့်ပိတ်ခံရသူတွေဟာ နေရပ်ပြန်ဝင်ဖို့ စိုးရိမ်နေကြပါတယ်။

Most read this week

January 31, 2026
ကရင်နီပြည်မှာရှိတဲ့ ကိန္နရီပညာရေးစင်တာ (KEC) ကနေ ကရာတေးအားကစားသင်တန်းကို ၃လကြာ...
ဓါတ်ပုံ - KNWO
January 30, 2026
စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး...
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...