သပိတ်ကျင်းကို စစ်ကောင်စီ ၂ ရက်ဆက် လေကြောင်းမှ တိုက်ခိုက်၊ ၁ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

သပိတ်ကျင်းကို စစ်ကောင်စီ ၂ ရက်ဆက် လေကြောင်းမှ တိုက်ခိုက်၊ ၁ ဦး သေ၊ ၅ ဦး ဒဏ်ရာရ
သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာရှိရွှေလုပ်ကွက်တခုကို စစ်ကောင်စီတပ်ဖွဲ့ မေလ ၁၉ ရက်နေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများနှင့် လူသေဆုံးမှုကို တွေ့ ရစဉ် (ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့)
သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာရှိရွှေလုပ်ကွက်တခုကို စစ်ကောင်စီတပ်ဖွဲ့ မေလ ၁၉ ရက်နေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများနှင့် လူသေဆုံးမှုကို တွေ့ ရစဉ် (ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ပြည်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုများအတွင်း ဒေသခံ အမျိုးသားတဦး သေဆုံးပြီး လေးဦး ဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၁၉ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် လိပ်ကျကျေးရွာ အတွင်းရှိ ရွှေလုပ်ကွက်တခုကို ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး တလုံးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုအတွင်း ဒေသခံ အမျိုးသားတဦး သေဆုံးပြီး အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် နေအိမ်သုံးလုံး၊ ကားတစီး နှင့် ဆိုင်ကယ်တစီးလည်း ပျက်စီးသွားကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အသိပေးထားသည်။

အလားတူ မေလ ၁၈ ရက်နေ့ ည ၇ နာရီ ၉ မိနစ်အချိန်ကလည်း လိပ်ကျကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းက “ဒဏ်ရာရသူတွေ စိုးရိမ်စရာမရှိပါဘူး ။ အခြေအနေ ကောင်းပါတယ်” ဟု မေလ ၁၈ ရက် လေကြောင်းတိုက် ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူများနှင့် ပတ်သက်၍ ပြောသည်။

သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့ များက ထိန်းချုပ်ထားပြီးမြေပြင်မှ ပြန်လည်ထိုးစစ်ဆင်နိုင်ခြင်း မရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းကနေ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် သပိတ်ကျင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏပြုလုပ်နေသည့် အတွက် ဒေသခံပြည်သူများ အနေဖြင့် လေကြောင်း အန္တရယ်ကို ဂရုပြုနေထိုင်ကြရန်နှင့် နေအိမ်များတွင် ပုန်းခိုကျင်းများ တူးဖော်ထားကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ရက်နေ့ နေ့လယ်ပိုင်းအချိန်ကလည်း လိပ်ကျကျေးရွာရှိ လူစည်ကားရာနေရာကို စစ်ကောင်စီ တပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ ၁၃ ဦး အထိ သေဆုံးခဲ့သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...