ပဒါန်းတွင် ချင်းအမျိုးသမီးသုံးဦး ဈေးမှအပြန် စစ်ကောင်စီထံ ဖမ်းဆီးခံရပြီးနောက် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေ

ပဒါန်းတွင် ချင်းအမျိုးသမီးသုံးဦး ဈေးမှအပြန် စစ်ကောင်စီထံ ဖမ်းဆီးခံရပြီးနောက် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေ

မကွေးတိုင်းဒေသကြီး၊ ပဒါန်းမြို့နယ်တွင် ဈေးဝယ်ပြီးပြန်လာသည့် ချင်းအမျိုးသမီးသုံးဦးသည် စစ်ကောင်စီထံ ဖမ်းဆီးခံရပြီးနောက် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသည့် ချင်းအမျိုးသမီးများမှာ ပဒါန်းမြို့နယ်၊ လှိုင်ရွာမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးများဖြစ်သည်။

ပဒါန်းမြို့‌ပေါ်မှ ကုန်ပစ္စည်းများဝယ်ပြီး ရွာကိုပြန်သည့် ချင်းအမျိုးသမီးသုံးဦးသည် မေလ ၅ ရက်နေ့ည နေပိုင်းအချိန်က ပျဉ်ဝဂိတ်အကျော်တွင် စစ်ကောင်စီ တပ်မ (၉၉) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ပဒါန်းမြို့ပေါ်ကဈေးဝယ်ပြီး ပြန်လာတဲ့အချိန်မှာ တပ်မ (၉၉) စစ်ကြောင်းနဲ့ တိုးသွားလို့ အဖမ်းခံလိုက်ရတယ်။ အခုထိ အဆက်သွယ်မရသေးဘူး" ဟု နိရဉ္စရာကို မေလ ၇ ရက်၊ ညနေက ပြောသည်။

ဖမ်းဆီးခံရစဉ် တပ်မ (၉၉) စစ်ကြောင်းသို့ ခေါ်‌ဆောင်သွားကာ မေလ ၇ ရက်အထိ မည်သည့်နေရာတွင် ဖမ်းချုပ်ထားသည်ကို မသိရသေးဟု ပဒါန်းတွင် စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဘယ်မှာဖမ်းချုပ်ထားလဲမသိရသေးဘူး။ အဓမ္မကျူးလွန်မှုတွေလည်းရှိနေတော့ စိုးရိမ်နေရတယ်" ဟု ပြောသည်။

လှိုင်ရွာသည် နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်နှင့် မနီးမဝေးတွင်တည်ရှိပြီး ရိုးပါ်တွင်တည်ရှိသည့် ချင်းကျေးရွာဖြစ်ကာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်နှင့် ပဒါန်းမြို့အကြား ရိုးပေါ်တွင်ရှိသည့် ဇမြွန်း၊ ရှောက်တောင်၊ ဂုတ်ကြီး၊ ဂုတ်ဝ၊ ခွန်ဆူရွာ၊ ရေနွယ်ရွာ၊ လှိုင်ရွာ၊ ပဇီရွာ စသည့်ကျေးရွာများမှ ဒေသခံများကိုလည်း ဆေးဝါးနှင့် စားနပ်ရိက္ခာများကို စစ်ကောင်စီ တပ်မ (၉၉) မှ ဗိုလ်မှူးချုပ် နိုင်ဝင်းက ဧပြီလနောက်ဆုံးပတ်မှစတင်ကာ အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်‌ပေးထားကြောင်းလည်း သိရသည်။

ပဒါန်းမြို့မှာ စားဝတ်နေရေးကျပ်တည်းပြီး ထင်းခွေ၊ ဟင်းရှာထွက်သည့် ရခိုင်စစ်ဘေးရှောင်များနှင့် အမ်းရိုးပေါ်ရှိ စစ်ရှောင်နေသည့် ချင်းလူမျိုးများကို ပဒါန်းမြို့၊ ပျဉ်းဝဂိတ်နှင့် ဇမြွန်းဘုရားတောင်ဂိတ်တို့တွင် နေရာယူထားသည့် တပ်မ (၉၉) က စစ်ကောင်စီစစ်သားများက ဧပြီလအတွင်း ဖမ်းဆီးငွေညှစ်မှုများရှိခဲ့သည်ဟုလည်း သိရသည်။

February 9, 2026
သိန်းဇော်(မောင်တော) — ရခိုင်ပြည်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီး...
ကျောက်ဖြူမြို့၊ ဂျပန်မဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်။ (ပုံဟောင်း)
February 7, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ထောင်ဝန်ထမ်းတစ်ဦးကိုသတ်ပြီး...
February 6, 2026
သဉ္ဇာနွယ် — ရခိုင်ရိုးမအရှေ့ခြမ်းပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ကပစ( ၁၆) အနီးရှိ...
February 5, 2026
(နို့ဆီဗူး ၆၅ ဗူးဆံ့တောင်းများဖြင့်သာ ခြင်တွယ်ရောင်းချနေရ၍ တွက်ခြေမကိုက်ဟုဆို) ကျော်သီဟ -...