ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲခံရ၊ ရထားခရီးစဉ် ယာယီရပ်

ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲခံရ၊ ရထားခရီးစဉ် ယာယီရပ်
ဘီးလင်းမြို့နယ် နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာကြား ရန်ကုန်-မော်လမြိုင် ရထားလမ်း မေ ၆ ရက် မိုင်းခွဲဖျက်ဆီးခံထားရသည့်ပုံ။ (ဓါတ်ပုံ - မော်လမြိုင် ဘူတာကြီး)
ဘီးလင်းမြို့နယ် နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာကြား ရန်ကုန်-မော်လမြိုင် ရထားလမ်း မေ ၆ ရက် မိုင်းခွဲဖျက်ဆီးခံထားရသည့်ပုံ။ (ဓါတ်ပုံ - မော်လမြိုင် ဘူတာကြီး)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယနေ့ (မေလ ၆ ရက်) နံနက်ပိုင်း၌ ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေသည့် ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရသဖြင့် ရထားခရီးစဉ်များ ယာယီရပ်နားကြောင်း မော်လမြိုင်ဘူတာကြီးမှ ထုတ်ပြန်သည်။

ရန်ကုန်-မော်လမြိုင် ရထားလမ်း၊ နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာကြား ပေ ၈၀ရှိ တံတားအမှတ် (၆၅) သည် မိုင်းခွဲခံရကာ ရထားလမ်းပျက်စီးခဲ့ခြင်းဟု ဆိုသည်။

ထို့ကြောင့် ယနေ့ မော်လမြိုင်ဘူတာကြီး နှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အစုန်၊ အဆန် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းကာ ဝယ်ယူထားသော ရထားလက်မှတ်ခများအား ပြန်အမ်းပေးမည်ဟု မော်လမြိုင်ဘူတာကြီးမှ ထုတ်ပြန်ထားသည်။

“တနေ့က မိုးကောင်းနား ကားလမ်း မိုင်းခွဲခံရတယ်၊ ခု ရထားလမ်း။ ကားရော ရထားရော လစ်ပြီဆိုတော့ ခက်ကုန်တာပေါ့” ဟု မော်လမြိုင်မြို့မှ ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့ညတွင်လည်း ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ သထုံမြို့နယ်၊ မိုးကောင်းဘုရားအနီးရှိ တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသဖြင့် သွားရေးလာရေးခက်ခဲကာ ကျေးရွာလမ်းများကို အသုံးပြုနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယခု ရထားလမ်းပါ မိုင်းခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်-မော်လမြိုင် ခရီးသွားလာမည့်သူများအနေဖြင့် များစွာ အခက်ကြုံနေရကြောင်း ဆိုသည်။

Most read this week

စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...