ထီးချိုင့်မြို့နယ်ထဲ စစ်ဘေးရှောင်ကာလ ကြာရှည်လာခြင်းကြောင့် အခက်အခဲဖြစ်ပြီး မြို့မှ စွန့်ခွာကြ

ထီးချိုင့်မြို့နယ်ထဲ စစ်ဘေးရှောင်ကာလ ကြာရှည်လာခြင်းကြောင့် အခက်အခဲဖြစ်ပြီး မြို့မှ စွန့်ခွာကြ
မြို့သိမ်းတိုက်ပွဲအတွင်းတွေ့ရသည့် ထီးချိုင့်မြို့အတွင်း/ Credit
မြို့သိမ်းတိုက်ပွဲအတွင်းတွေ့ရသည့် ထီးချိုင့်မြို့အတွင်း/ Credit

ထီးချိုင့်မြို့ကို မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူများသည် ကာလရှည်ကြာလာပြီး အစားအသောက်ခက်ခဲလာမှုတွေကြောင့် မြို့ကနေ စွန့်ခွာမှုတွေ များပြားလာနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“မြို့ထဲမှာက လူမရှိဘူး။ တချို့ဟာတွေဆိုရင် အပြင်လဲမထွက်ရတော့  ငတ်ခဲ့ကုန်ပြီလေ။  စစ်ဘေးရှောင်တွေက ကာလရှည်ခဲ့တော့ ငတ်ပြတ်ကုန်တာပါ့” လို့ မန္တလေးသို့ စစ်ဘေးရှောင်ခဲ့သည့် ထီးချိုင့်ဒေသခံတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်များသည် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ရပြီး စားသောက်နေထိုင်ရေးများကိုလည်း ကိုယ်တိုင်ဖန်တီးယူနေရပြီး အကူအညီများလည်းမရှိကြောင်း သိရသည်။

ထီးချိုင့်မြို့ကိုဆက်သွယ်ထားသည့် လမ်းပိုင်းများအားလုံးသည် မြို့သိမ်းတိုက်ပွဲဆင်နွဲကတည်းက ပျက်စီးနေခြင်းဖြစ်ပြီး ဒေသခံများ ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်မှုများနှင့်ကြုံနေရခြင်းဖြစ်သည်။

ဒါ့အပြင် စစ်ဘေးရှောင်များအတွက် လာရောက်ကူညီမည့်သူရှားပါးမှုများကြောင့်လည်း စားဝတ်နေရေး အကြပ်အတည်းများနှင့် ကြုံရကြောင်း စစ်ဘေးရှောင်များကဆိုသည်။

အခုလို အခက်ခဲတွေကြောင့် ဒေသကာကွယ်ရေးတပ်များက ဖမ်းဆီးထားသည့် အချုပ်သားတချို့ပင် ထွက်ပြေးမှုများရှိကြောင်း ၎င်းကဆိုသည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက  ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲဆင်နွဲခဲ့ခြင်းဖြစ်သည်။

“ထီးချိုင့်ကို ဘာမှ မလုပ်တော့ဘူး၊ ကပ်လို့မရတာပဲရှိတယ်။ နဂိုအတိုင်းပါ့၊  ထီးချိုင့်ကိုက သိပ်မမဲလောက်ဘူး၊ တိုက်မယ်လုပ်လိုက် ဗုံးကြဲလိုက်ဆိုတော့  သိပ်မတိုးရဲဘူးလားဘာလဲမသိဘူး” လို့ ၂၀၂၄ ခုနှစ်မှ ထီးချိုင့်မြို့မှ စစ်ဘေးရှောင်ခဲ့သူတစ်ဦးကဆိုသည်။

လက်ရှိစစ်ကောင်စီတပ်များသည် ထီးချိုင့်တံတား၊ ထီးချိုင့်မြို့ပေါ်တွင် အခြေပြုနေဆဲဖြစ်ပြီး မြို့နယ်၏ နယ်မြေအားလုံးကို ဒေသကာကွယ်ရေးတပ်များက ထိန်းချုပ်စိုးမိုးထားသည်။

April 25, 2026
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က PDF တပ်ဖွဲ့ဝင်ထားပြီး...
April 24, 2026
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်နေမှုကို...
ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
April 23, 2026
ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့...
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...