ကလေးမြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရလို့ အရေးပေါ်ဆင်းခဲ့ရတယ်လို့ သိရ

ကလေးမြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရလို့ အရေးပေါ်ဆင်းခဲ့ရတယ်လို့ သိရ

အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို  လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့  Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ ဧပြီလ  ၂၇ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်ခဲ့လို့ ထိမှန်ခဲ့ပြီး ရဟတ်ယာဉ်ဟာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တောင်ပိုင်းအဖွဲ့တွေက  Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို အောက်ကနေ ပွင့်ဖိုက်နဲ့ ပစ်တယ်လို့ပြောတယ် မကွေးတိုင်း ဟံသာဝတီရွာမှာ အရေးပေါ်ဆင်းခဲ့ရတယ်လို့ သိရတယ် ထိသွားတယ် ပျက်တော့ မကျသွားဘူးပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ  ဧပြီလ ၂၅ ရက်နေ့ကစလို့ ကလေးတောင်ပိုင်းက ကြံသာရွာကို  အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာနေသလို လေကြောင်းကနေ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်နေလို့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “စဖြစ်တဲ့က လေယာဉ်ပေါင်းစုံနဲ့ ရွာတစ်ရွာဘဲ မဟုတ်ဘဲနဲ့ ရွာ ၅ ရွာလောက်ကို  လှည့်ပက်ကြဲနေတာရှိတယ် ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပြီပေါ့ ကမ်းပါနီသိမ်းတုန်းကလိုဘဲ  ရွာတွေ အများကြီးကိုကြဲတာ တစ်နေရာထဲကို မဟုတ်ဘူးပေါ့ နတ်ချောင်း၊ နတ်မြောင်း၊ ငဖား၊ အောင်ချမ်းသာနဲ့ ဝေဘူလကိုပါ ကြဲတာလို့ သိရတယ် လူထိခိုက်လည်းရှိတယ်လို့ သိရတယ် စာရင်းတိကျတော့ မသိရသေးဘူး မထုတ်ပြန်ဖို့လည်း ပြောထားကြတော့ ပထမဆုံးရက်မှာဘဲကို တစ်ယောက်သေတယ် ဗိုက်ပွင့်ပြီးကို သေတယ်လို့ သိရတယ် သုံးယောက်က ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ် အခုတော့ ပိုများတော့မှာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးမြို့နယ် တောင်ပိုင်း ဟံသာဝတီကျေးရွာကနေ ကြံသာရွာကို အင်အား ၃၀၀ ကျော်နဲ့ ဧပြီလ ၂၅ ရက်နေ့ကနေ ၂၇ ရက်ထိ သုံးရက်တာ စစ်ကြောင်း ၂ ကြောင်းခွဲဝင်ရောက်ခဲ့တာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတချို့ကိုလည်း တော်လှန်ရေးတွေဘက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကလေးတောင်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ပျူစောထီးစိုးမိုးတဲ့ ကြံသာရွာအပါအဝင် ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့အနောက်) ရွာတွေကို ချင်းအမျိုးသားတပ်မတော် (CNA) ပါဝင်တဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြေပြန့်ဒေသတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ၂ လအတွင်း သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...