မော်ချီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၅ ဦးရှိပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မော်ချီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၅ ဦးရှိပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးသူ ၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂ ဦး၊ လသားကလေး ၁ ဦး၊ အမျိုးသား ၂ ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူ ၁၀ ဦးထဲမှာ အသက် ၁၅ နှစ်အောက်ကလေးငယ် ၇ ဦးလည်း ပါဝင်ပါတယ်။

လတ်တလောမှာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသဖို့ နေရာပြောင်းရွေ့ထားတာကြောင့် စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူတွေ၊ သေဆုံးသူတွေစာရင်းကို အကုန်လုံး မသိနိုင်သေးပါဘူး။

ဒေသခံတွေရဲ့ အဆိုအရတော့ သေဆုံးသူထဲမှာ တရုတ်နိုင်ငံသားလို့ယူဆရတဲ့ တရုတ်အမျိုးသားတစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေကပြောပေမယ့် ကန္တာရဝတီတိုင်း(မ်) အနေနဲ့ မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိ ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ကုသမှုပေးနိုင်တဲ့ ဆရာဝန်မရှိတာကြောင့် တခြားဒေသကို ပို့ဆောင်ထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

“သူနာပြုဆင်းက ၁ ယောက် ၂ ယောက်ရှိတယ်။ ကျန်တာ သင်တန်းဆင်းပဲ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

မော်ချီးဒေသမှာ လာရောက်အလုပ်လုပ်ကိုင်တဲ့ ခဲလုပ်သား လူမျိုး‌ပေါင်းစုံ ရှိနေတာဖြစ်ပါတယ်။

အခုလို အရေးပေါ်အခြေနေတွေ ကြုံလာရတဲ့ခါလည်း မော်ချီးဒေသမှာ ဆေးကုသဖို့ ဆရာဝန်မရှိသလို လိုအပ်တဲ့ ဆေးပစ္စည်းတွေလည်း မရနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မော်ချီးဒေသက ခဲခါစက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်ရုံအနီးနားက ချောင်းခဲဆွဲတဲ့ လုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ထိခိုက်မှုများခဲ့တယ်လို့ သိရပါတယ်။

မော်ချီးဒေသကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိပါတယ်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...