ဒီးမော့ဆိုမြို့မ ဈေးထဲက ဈေးဆိုင်ခေါင်မိုးများ ဖြုတ်ယူခံရ

ဒီးမော့ဆိုမြို့မ ဈေးထဲက ဈေးဆိုင်ခေါင်မိုးများ ဖြုတ်ယူခံရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် မြို့ပေါ် ရပ်ကွက်၊ မြို့မစျေးအတွင်းက စျေးဆိုင်ခန်းတွေရဲ့ ခေါင်မိုးတွေ ဖြုတ်ယူခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၀) ရက်နေ့မှာ ဒီးမောဆို မြို့ပေါ် ရပ်ကွက်က ဒေသခံတွေနဲ့ ယာယီ ဖွဲ့စည်းထားတဲ့ ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက် ကြားကာလအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေက မြို့ကို ကွင်းဆင်း ကြည့်ရှုရာ မြို့မဈေးထဲက ‌ပြည်သူ့ပိုင် စျေးဆိုင် ခေါင်မိုးတွေ ခိုးယူခံနေရတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

”ကျနော်တို့ လှည့်ပတ်ကြည့်တဲ့အခါမှာ ဈေးဖက်ကိုလဲ သွားကြည့်ဖြစ်တယ်ပေါ့။ ဈေးဖက်သွားကြည့်တဲ့အချိန်မှာ စိတ်မကောင်းစရာ မြင်ကွင်းကို တွေ့ရတယ်ပေါ့။ တချို့က အမိုးရှိတယ်။ တချို့က အမိုးမရှိတော့ဘူး။ ပြည်သူအိမ်တချို့လဲ အမိုးတွေ ပျောက်နေတာရှိတယ်။ ဈေးကလဲ အရင်ကတချို့ နည်းနည်းပဲ ပျောက်သေးတယ်ပေါ့ ခုက ပိုပြီးများလာတယ်‌ပေါ့ အဲ့လိုမြင်ရတယ်” လို့ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ဥက္ကဌက ပြောပါတယ်။

ဒီးမော့ဆိုမြို့ပေါ်က ပြည်သူပိုင်ပစ္စည်းတွေ ထပ်မံ ခိုးယူခံရမှုတွေ မဖြစ်ပွားစေဖို့အတွက် ယာယီအုပ်ချုပ်ရေးကောင်စီက လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ကွင်းဆင်းရတဲ့ အကြောင်းအရင်းကတော့ ပြည်သူ့စည်းစိမ် ဥစ္စာတွေ ငှာနဆိုင်ရာရုံးပစ္စည်းတွေ ပျောက်ခဲ့တာတော့ ပျောက်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဒီထက်ရှေ့ဆက် မဖြစ်အောင် ကျနော်တို့ တပ်ရင်းတပ်ဖွဲ့ နဲ့ပေါင်းပြီး စည်းကမ်းချက်တွေ ထုတ်ပြီးတော့ ပြည်သူတွေသိရှိအောင်လည်း ကျနော်တို့ လုပ်ဆောင်သွားမှာပေါ့” လို့ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ရဲ့ ဥက္ကဌ က ဆက်ပြောပါတယ်။

ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်က ဒေသခံတွေဟာ စစ်အာဏာသိမ်းမှုအပြီး ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၁ မေလကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ အုပ်ချုပ်ရေးကောင်စီကိုတော့ မြို့မကျေးရွာအုပ်စု၊ ဒီကျေး/ ကျေးရွာ အုပ်စု၊နဲ့ ငွေတောင်ကျေးရွာအုပ်စုက ဒေသခံ နဲ့ စုဖွဲ့ထားတယ်လို့ သိရပါတယ်။

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
Photo credit - Bangkok Post
December 2, 2025
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃...
December 1, 2025
နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊...