မြန်မာတွင် ငလျင်ကြောင့် အကူအညီလိုအပ်နေသူ လူဦးရေ ၁ သန်းမှ ၅ ဒသမ ၂ သန်းအထိ မြင့်တက်လာ

မြန်မာတွင် ငလျင်ကြောင့် အကူအညီလိုအပ်နေသူ လူဦးရေ ၁ သန်းမှ ၅ ဒသမ ၂ သန်းအထိ မြင့်တက်လာ
ဓာတ်ပုံ - United Nations Myanmar
ဓာတ်ပုံ - United Nations Myanmar

မြန်မာတွင် ငလျင်ကြောင့် ခိုလှုံစရာနေရာနှင့် အခြေခံအိမ်သုံးပစ္စည်းများ အကူအညီလိုအပ်နေသည့် လူဦးရေ ၁ သန်းမှ ၅ ဒသမ ၂ သန်းအထိ မြင့်တက်လာကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့ (United Nations Myanmar) က ယနေ့ ဧပြီလ ၁၈ ရက်တွင် ထုတ်ပြန်သည်။

“ခိုလှုံစရာနေရာနဲ့ အခြေခံအိမ်သုံးပစ္စည်းတွေ လိုအပ်နေတဲ့ လူဦးရေက ၁ သန်းကနေ ၅ ဒသမ ၂ သန်းအထိ မြင့်တက်လာနေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငလျင်ကြောင့် အိမ်ထဲပြန်ဝင်ရမှာ ကြောက်နေသည့် မိသားစုများသည်လည်း ဟင်းလင်းပြင်တွင် အိပ်စက်နေကြရဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“မကြာသေးမီက မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီး ဆက်လက်ဖြစ်ပေါ်နေတဲ့နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပြန်လည်တည်ဆောက်ဖို့ ဒါမှမဟုတ် ပြန်လည်ထူထောင်ဖို့ ပိုမိုခက်ခဲလျက်ရှိပါတယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် အရေးပေါ် ခိုလှုံစရာနေရာ/ အမိုးအကာ၊ အဓိကအိမ်သုံးပစ္စည်းနှင့် အကူးအပြောင်းကာလတွင် လိုအပ်သည့်အကူအညီများကို လူဦးရေ ၇၅၃,၀၀၀ ထံပေးအပ်နိုင်ဖို့ ကြိုးစားနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်) တာစကေးရှိ ငလျင်ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုတို့၌ ဧပြီ ၁၇ ရက်နေ့အထိ သေဆုံးသူ ၃၆၆၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၈၂၄ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...
August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...