စလင်းမြို့နယ်မှာ စစ်ကောင်စီ အင်အားဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

စလင်းမြို့နယ်မှာ စစ်ကောင်စီ အင်အားဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီက အင်အားဖြည့်တင်းကာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မတ် ၃၀ ရက်မှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ အမည်မသိ လက်နက်ကြီးတွေကို ဖြည့်တင်းတာတွေရှိသလို မတ် ၃၁ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်မှုအထိ လုပ်ဆာင်ခဲ့တာပါ။

"မနေ့က သူတို့က မင်းဘူးဘက်ကနေ ကားတွေနဲ့လာတာ။ လက်နက်ကြီးက တခါမှ မမြင်ဖူးဘူး။ မိုးကာ အုပ်ထားတာ အကြီးကြီးပဲ။ လမ်းက မလွတ်တဲ့ ဓာတ်ကြိုးတွေကိုလည်း တိုက်သွားတာ" လို့ ပွင့်ဖြူ-စလင်းလမ်းပိုင်းမှ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီးတွေ တင်ဆောင်လာတဲ့ ကားအပါအဝင် ကား ၄ စီးနဲ့ အင်အား ၁၀၀ ဝန်းကျင်ဟာ တောစိမ့်စစ်တပ်ကို အင်အားဖြည့်တင်းခဲ့တာပါ။

မတ် ၃၁ ရက်မှာတော့ စလင်းမြို့နယ် တစ်နေရာကို စစ်ကောင်စီတပ်သားတွေက ဂျက်ဖိုက်တာ ၃ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တယ်လို့သိရပြီး အခြေအနေအသေးစိတ်ကို သံလွင်တိုင်းမ်အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ စစ်ကိုင်းနဲ့ မန္တလေးမှာ မတ် ၂၈ ရက်က ပြင်းအား ၇.၇ ရစ်ချက်တာစကေးရှိတဲ့ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် NUG က ငလျင်ဖြစ်ပွားရာဒေသတွေမှာ ထိုးစစ် နှစ်ပတ်ရပ်နားမယ်လို့ ကြေညာထားပေမယ့် စစ်ကောင်စီကတော့ နေစဉ် ဗုံးကြဲတိုက်ခိုက်နေတာလို့ သိရပါတယ်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...