ဟိုတယ်−အောင်ပန်း ငလျင်ကြောင့် ပြိုကျပျက်စီး၊ မန္တလေး၌လည်း ထိခိုက်ပျက်စီးမှုများပြား

ဟိုတယ်−အောင်ပန်း ငလျင်ကြောင့် ပြိုကျပျက်စီး၊ မန္တလေး၌လည်း ထိခိုက်ပျက်စီးမှုများပြား

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ယနေ့ (မတ်လ ၂၈ ရက်) မွန်းလွဲ ၁ နာရီခန့်က လှုပ်ရှားသွားသည့် ငလျင်ကြောင့် ဟိုတယ်−အောင်ပန်း ပြိုကျပျက်စီးသွားပြီဖြစ်ကြောင်း မြို့ခံများနှင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူထံမှ သိရသည်။

“ခုတော့ ပြိုကျသွားတယ်။ လူနာကတော့ ဘယ်လောက်များမလဲ မသိရသေးဘူး။ အထဲလည်းဝင်လို့မရဘူး။ အောင်ပန်းဟိုတယ်ရယ် အနောက်ဘက်က တလုံးရယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူက ယနေ့ မွန်းလွဲ ၁နာရီ မိနစ် ၂၀ အချိန်ခန့်က မဇ္ဈိမကိုပြောသည်။

လူထိခိုက်မှုများပြားနိုင်မည်ဟုယူဆပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေဆဲဖြစ်သည့်အတွက် အသေးစိတ်မပြောနိုင်သေးကြောင်းဆိုသည်။

“ကျွန်မ အသက် ၄၀ လောက်ရှိပြီ။ ဒီအသက်မှာ ဒီလောက်တခါမှ ကိုယ်တွေ့မကြုံဖူးသေးပါဘူး။ တော်တော်ကိုကြမ်းပါတယ်ငလျင်က” ဟု အောင်ပန်းမြို့ဒေသခံ အမျိုးသမီးတဦးကလည်း ပြောသည်။

ထို့အတူ မန္တလေးမြို့၌လည်း ငလျင်ကြောင့် ပြိုကျပျက်စီးသည့် အိမ်ခြေအရေအတွက်များပြားကြောင်းနှင့် နေအိမ်အများအပြားလည်း အသေးစားထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း မန္တလေးဒေသခံထံကသိရသည်။

“ဒီမှာတော့ တိုက်တွေတော်တော်ပြိုကုန်တယ် သိရသလောက်ကို ဆယ်လုံးလောက် ရှိနေပြီ။ ကျွန်တော်တို့ အိမ်ဆိုလည်း ဆောက်လက်စဆိုတော့ အောက်ခြေတွေ အက်ကုန်ပြီ။ တချို့အိမ်တွေဆိုလည်း ပျက်စီးတာတွေ ရှိတယ်။ လူအထိအခိုက်တော့ မသိရသေးဘူး။ ဒီလိုလှုပ်တာမျိုး တခါမှ မကြုံဖူးဘူး” ဟု မန္တလေးဒေသခံကပြောသည်။

မန္တလေး နန်းမြို့ရိုးလည်း ငလျင်ကြောင့် ပျက်စီးမှုရှိကြောင်း သိရသည်။

ယနေ့လှုပ်ရှားသွားသည့်ငလျင်သည် ၇၁ နှစ်အတွင်း အပြင်းထန်ဆုံး ငလျင်တစ်ခုဖြစ်ပြီး ပြင်းအား ၇ ဒသမ ၇ ရစ်ခ်ျတာစကေးဖြင့် မြန်မာစံတော်ချန် ၁ နာရီခန့်က စစ်ကိုင်းတိုင်းကိုဗဟိုပြုလှုပ်ရှားသွားခြင်းဟု မြေငလျင်နှင့် မီးတောင်များအကြောင်း သတင်းအချက်အလက်များကို ဖော်ပြပေးနေသည့် volcanodiscovery ကဖော်ပြသည်။

ယနေ့ လှုပ်ရှားသွားသည့်ငလျင်ကြောင့် စစ်ကိုင်းမြို့နှင့် အင်းဝမြို့ဟောင်းကိုဆက်သွယ်ထားသည့် အင်းဝတံတား (သို့) စစ်ကိုင်းတံတားဟောင်းလည်းပြိုကျပျက်စီးခဲ့ရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...