လွိုင်ကော်မြို့မှာ ပြန်လည်နေထိုင်သူတွေရဲ့စာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်လံကောက်ခံ

လွိုင်ကော်မြို့မှာ ပြန်လည်နေထိုင်သူတွေရဲ့စာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်လံကောက်ခံ

ကရင်နီပြည်၊ လွိုင်ကော်မြို့ မှာ ပြန်လည်နေထိုင်သူတွေရဲ့ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်လံကောက်ခံနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်းက စစ်ရှောင်စခန်းတွေ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေထိုင်ကြတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီက လက်မခံတော့တာကြောင့် လွိုင်ကော်မြို့ကို ပြန်ရောက်လာတဲ့ စစ်ရှောင်နဲ့ အခြား အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်နေထိုင်သူတွေကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ကောက်ခံနေတယ်လို့ သိရပါတယ်။

“ဘာအတွက်ကောက်တယ်တော့ မပြောဘူး၊ မိသားစု ဘယ်နှစ်ယောက်ရှိလဲ၊ ဘာလို့ မိသားစု အကုန်ပြန်မလာတာလဲ။ သူတို့တွေက ခုဘယ်မှာလဲ အဲ့လိုတွေ မေးတယ်” လို့ ပြန်လာနေထိုင်တဲ့ လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

မြို့ခံတွေရဲ့ ပြောပြချက်အရ ခေတ္တ ပြန်လည်နေထိုင်သူတွေကိုတော့ စာရင်းမကောက်ဘူးလို့ သိရပြီး ဒီလို စာရင်းကောက်ယူနေတာဟာ စစ်မှုထမ်းခိုင်းဖို့ ဖြစ်နိုင်တယ်လို့လည်း မြို့ခံတချို့က သုံးသပ်ပါတယ်။

“လွိုင်ကော်မှာ သိရသလောက်တော့ ပြည်သူ့စစ်ပဲရှိသေးတယ်။ စစ်မှုထမ်းခိုင်းတာ မကြားမိသေးဘူး။ အခြား မြို့တွေ အကုန်ထမ်းခိုင်းနေတော့ ဒီတစ်ခါတော့ လွိုင်ကော်အလှည့်လို့ထင်တာပဲ၊ ဒါကြောင့်လည်း စာရင်းကောက်တာပေါ့။ ကိုယ့်အိမ်ကို ပြန်နေတာ ဘာစာရင်းကောက်စရာလိုလို့လဲ“ လို့ မြို့ခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

လက်ရှိလွိုင်ကော်မြို့ပေါ်မှာတော့ စစ်ကောင်စီဟာ မြို့ကို ထိန်းချုပ်နိုင်ကြောင်း ပြသလိုတာကြောင့် လမ်းဖွင့်ပွဲတွေ၊ ကားဂိတ်ဖွင့်ပွဲတွေကို ကျင်းပခဲ့ပြီး မကြာခင်မှာ စျေးဖွင့်ပွဲကိုလည်း ပြုလုပ်သွားမယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

June 6, 2026
စစ်အုပ်စု ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ သွားလာသူတွေရဲ့ ဖုန်း ၊ အိတ်၊ ဆိုင်ကယ် tools...
ဓါတ်ပုံ- KNDF
June 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့...
June 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့...
မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...