တနင်္သာရီမြို့နယ်တွင် စစ်ရှောင်တချို့ သောက်သုံးရေရှားပါးမှု စတင်ကြုံတွေ့နေ

တနင်္သာရီမြို့နယ်တွင် စစ်ရှောင်တချို့ သောက်သုံးရေရှားပါးမှု စတင်ကြုံတွေ့နေ

တနင်္သာရီမြို့နယ်တွင် စစ်ရှောင်တချို့ သောက်သုံး‌ရေ ရှားပါးမှု စတင်ကြုံတွေ့နေရသည်ဟု မြေပြင် စစ်ရှောင်ကူညီနေသူများက ပြောသည်။

အဆိုပါ တနင်္သာရီမြို့နယ်တွင် ပင်လယ်နှင့် နီးသည့်နေရာများ၌ နွေရာသီတွင် ရေချို ရှားပါးလေ့ရှိသည်။

တချို့ စစ်ရှောင်များသည် တောင်ပေါ်များတွင် စစ်ရှောင်ရပြီး သဘာဝရေချိုထွက် စိမ့်စမ်းတွင်းများ ရေရရှိမှု နည်းလာသည့်အတွက် ယခုလို သောက်သုံးရေ ရှားပါးမှု စတင်ကြုံတွေ့နေရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ယခုလိုပြောသည်။

“နွေရာသီ ပူပြင်းလာတာက ပိုဆိုးလာတယ်။ အဲ့တာအပြင်ကိုမှ တချို့နေရာတွေဆို ရေတွေခမ်းတယ်။ ပင်လယ်ပြင်နဲ့နီးပေမဲ့ ရေပြတ်လပ်မှုဒဏ်တွေကို စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ကြုံတွေ့လာရတယ်။ ပြီးတော့ တောင်ပေါ်နေရာတွေမှာ စစ်ရှောင်နေရတဲ့ ဒေသခံတွေလည်း ပါတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် တနင်္သာရီတိုင်းအတွင်းတွင် စစ်ရှောင်သူဦးရေ အများဆုံးနေထိုင်သည့် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီဘက်က ကုန်စည်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်မှုများ လုပ်ဆောင်နေသည့်အတွက် ဒေသခံ စစ်ရှောင်များအနေဖြင့် ကုန်ဈေးနှုန်းတက်ခြင်းအပြင် ဆေးဝါးပြတ်လပ်တဲ့ဒဏ်ကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီမှ စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ကိုလည်း စစ်ရှောင်များ ခံစားနေကြရသည့်အပြင် သောက်ရေသန့် အလုံအလောက်မရှိသည့် ဒဏ်များကိုလည်း ခံစားနေကြရကြောင်း စစ်ရှောင်ကူညီပေးနေသူ အမျိုးသားတစ်ဦးက ယခုလို ထပ်မံပြောဆိုသည်။

“ရိက္ခာတွေဝယ်ရတာ ခက်ခဲတဲ့အပြင် အခုလက်ရှိ သောက်ရေသန့်ရရှိဖို့ ခက်လာတာက အဓိကပြဿနာ ဖြစ်လာတယ်။ ရေသန့်တွေကလည်း ဝယ်ဖို့မလွယ်ဘူး။ ကုန်စျေးနှုန်းတွေက တက်လာတယ်။ အဘက်ဘက်ကနေ ကြပ်တည်းလာတဲ့ဒဏ်ကို ခံရပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ရှောင်ဦးရေ စုစုပေါင်း ၆၀,၀၀၀ ဦးကျော်ရှိသည်ဟု စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။

Most read this week

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...