ရခိုင်တွင် တက္ကသိုလ်ဆက်တက်ခွင့်မရသေးသော လူငယ်များအတွက် အာရကန်ကောလိပ် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ

ရခိုင်တွင် တက္ကသိုလ်ဆက်တက်ခွင့်မရသေးသော လူငယ်များအတွက် အာရကန်ကောလိပ် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ
အာရကန်ကောလိပ်
အာရကန်ကောလိပ်

ရခိုင်ပြည်တွင် အထက်တန်းပြီးမြောက်ထားပြီး တက္ကသိုလ်ဆက်တက်ခွင့် မရသေးသော လူငယ်များ ပညာသင်ခွင့်ရရှိနိုင်ရန်အတွက် အာရကန်ကောလိပ် (Arakan College) ကို ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။

လက်ရှိ ရခိုင်ပြည်တွင် အထက်တန်းပြီးမြောက်ထားပြီး တက္ကသိုလ်ဆက်တက်ခွင့်မရသေးသော လူငယ်များကို အဓိကထားလျက် ဒေသတွင်းနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းအပါအဝင် အဆင့်မြင့်ပညာရေးဆိုင်ရာများကို လူငယ်များ ပညာတိုးတက်ခေတ်မီရေးနှင့် ဒေသဖွံ့ဖြိုးရေးကို လိုလားသူများ၊ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူဂ္ဂိုလ်များ၏ ပူးပေါင်း၊ ပံ့ပိုးကူညီမှုများကို ရယူလျက် ရခိုင်ပြည်တွင်း၌ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အာရကန်ကောလိပ် (Arakan College) က မတ်လ ၁၇ ရက်တွင် ရခိုင်ဘာသာဖြင့် ထုတ်ပြန်အသိပေးလိုက်သည်။

“ရခိုင်ပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်၌ ကျရာအခန်းကဏ္ဍများအလိုက် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်သူ အရည်အသွေးပြည့်လူငယ်များ မွေးထုတ်ပေးနိုင်ရေးကို အဓိကရည်ရွယ်ထားရှိပါသည်” ဟုလည်း ဖော်ပြထားသည်။

blob ဓာတ်ပုံ - အာရကန်ကောလိပ် အာရကန်ကောလိပ်ကို သက်ဆိုင်ရာနယ်ပယ်များမှ ကျွမ်းကျင်သူများပါဝင်သည့် ဆွေးနွေးပွဲများဖြင့် အသိပညာပေးခြင်း၊ ပညာရေးဆိုင်ရာအခွင့်အလမ်းများ အသိပေးဖြန့်ဖြူးပေးခြင်းကဲသို့သော လုပ်ငန်းစဉ်များကိုစီစဉ်ဆောင်ရွက်ခြင်း၊ အဆင့်မြင့်ပညာရေးနှင့် သကမွေးဝမ်းကျောင်းဆိုင်ရာများကို နိုင်ငံတကာသတ်မှတ် စံနှုန်းများနှင့်အညီ ကြိုးစားရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ ဆရာ/ဆရာမများအတွက် စွမ်းရည်မြှင့်တင်ရေးသင်တန်းများ စီစဉ်ပို့ချသင်ကြားပေးခြင်း၊ ဒေသတွင်းမှ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် လက်တွဲကာ မိမိတို့တတ်အားသရွေ့ တိုးချဲ့ ပူးပေါင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းစဉ်များဖြင့် အဓိက ပုံဖော်လုပ်ဆောင်သွားမည်ဟုလည်း ဆိုထားသည်။

သို့ဖြစ်ပါ၍ ယခုကဲ့သို့အပြောင်းအလဲ ကာလတစ်ရပ်၌ ရခိုင်ပြည်၏ အနာဂတ်ကို အရည်အသွေးရှိသော ပညာရေးဖြင့် ပုံဖော်ထုဆစ်နိုင်ရေးအတွက် ဆန္ဒရှိသူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ပူးပေါင်း လက်တွဲဆောင်ရွက်ကြရန်လည်း အာရကန်ကောလိပ်က တိုက်တွန်း၊ နှိုးဆော် ဖိတ်ခေါ်ထားသည်။

ဧရာဝတီတိုင်းတွင် စစ်ဘေးရှောင်နေရသော ရခိုင်လူမျိုးကျောင်းဆရာမတစ်ဦးက "လက်ရှိရခိုင်ပြည်အတိုင်းအတာက တက္ကသိုလ်ပညာရော၊ အခြေခံပညာရော လိုအပ်နေတာပါ။ သင်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ လူမျိုးတမျိုးဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးက အဓိကကျတယ်။ အခုလည်း ကိုယ့်ပြည်နယ်က ပညာရေးဝန်ထမ်းတွေနဲ့ သင်နေတာတွေရှိတယ်လို့တော့ ကြားရတယ်။ အခုလို သင်ပေးနိုင်ရင် ရခိုင်ကလေးတွေ ပညာပိုတတ်လာမယ်။ ကောင်းပါတယ် ကြိုဆိုပါတယ်"ဟု နိရဉ္စရာကို ပြောသည်။

blob ဓာတ်ပုံ - အာရကန်ကောလိပ် အာရကန်ကောလိပ်ကို မည်သည့်အချိန်တွင် စတင်ဖွင့်လှစ်နိုင်မည်ဆိုသည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။

၂၀၂၅ ခုနှစ်အတွင်း အဆင့်မြင့်ပညာရေးဆိုင်ရာ ကဏ္ဍသစ်တစ်ရပ်ကို တိုးမြှင့်၊ ဖန်တီးလုပ်ဆောင်နိုင်ရန် ဉီးတည်ချက်ထားလျက် Professional Learning Academy (PLA) ကို အာရကန်ကောလိပ် (Arakan College) အဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှစ၍ တရားဝင် အမည်ပြောင်းလဲဆောင်ရွက်နေခြင်းဖြစ်သည်။

ရခိုင်တွင် တိုက်ပွဲများကြောင့် တက္ကသိုလ်/ကောလိပ် တက်ရောက်ရမည့် ကျောင်းသူ၊ ကျောင်းသားများသည်လည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပညာသင်ကြားရေးအခွင့်အလမ်းများ ဆုံးရှုံးနေကြသည်ဟု သိရသည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...