တောင်သာနယ်တွင် စက်တပ်လေထီးဖြင့်ဗုံးကြဲမှု ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးမှုရှိ

တောင်သာနယ်တွင် စက်တပ်လေထီးဖြင့်ဗုံးကြဲမှု ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးမှုရှိ

မန္တလေးတိုင်း၊တောင်သာမြို့နယ်၊မန်းကျီးပင်တဲကျေးရွာကို မတ်လ ၁၈ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်အချို့နှင့်ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးသွားကြောင်း လူထုလှုပ်ရှားမှုကော်မတီ (တောင်သာ) အဖွဲ့ဝင်က ပြောသည်။

“မန်းကျီးပင်တဲရွာအနီးတဝိုက်ကို ဗုံးသီး ရှစ်လုံးချသွားတယ်။ ပြည်သူ့နေအိမ်တလုံးနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးတယ်၊ ပြည်သူထိခိုက်မရှိဘူး” ဟု လူထုလှုပ်ရှားမှုကော်မတီ (တောင်သာ) အဖွဲ့ဝင်က ပြောသည်။

ထိခိုက်ပျက်စီးသွားသည့် နေအိမ်နှင့်ဘုန်းကြီးကျောင်းကို ‌ဒေသခံများက ရှင်းလင်းမှုများပြုလုပ်နေပြီး ထပ်မံလာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရကြောင်းလည်း ဆိုသည်။

“လူတွေက စက်သံကြားရင်ကို ပြေးပြီး ပုန်းပြီးသားဖြစ်နေတယ်။ ဒါကြောင့်လည်း သေဆုံးထိခိုက် မရှိတာပေါ့” ဟု ဒေသခံတဦးက ပြောသည်။

မတ်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က စက်တပ်လေထီးဖြင့် တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာနှင့် မတ်လ ၉ ရက်တွင် အေးကြင်ကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားပစ်မှတ်များကို ဦးတည်တိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုထားပြီး မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က လက်ပံလှကျေးရွာ ဈေးဆိုင်တန်းတခုလည်း မတ်လ ၁၄ ရက် မွန်းလွဲပိုင်းက လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူသေဆုံး၊ ထိခိုက်ဒဏ်ရာရမှု များပြားခဲ့သည်။

အဆိုပါ လက်ပံလှကျေးရွာ ဈေးဆိုင်တန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မတ်လ ၁၈ ရက် နံနက်ပိုင်းအထိ နောက်ဆုံးဝင်လာသည့် သတင်းများအရ လူ ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ လက်ပံလှကျေးရွာကိုပဲ မတ်လ ၁၇ ရက်နေ့တွင်လည်း စစ်ကောင်စီက ထပ်မံလေကြောင်းမှတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦး၊ အမျိုးသားနှစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ငါးဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...