လူငယ်ရေးရာဌာနက စင်တာထားပြီး မူးယစ်ဆေးဝါးနှိမ်နှင်းရေးအစီအမံကို ဆောင်ရွက်သွားမည်

လူငယ်ရေးရာဌာနက စင်တာထားပြီး မူးယစ်ဆေးဝါးနှိမ်နှင်းရေးအစီအမံကို ဆောင်ရွက်သွားမည်

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ IEC ရဲ့ တရားဥပဒေစိုးမိုးရေး အစီမံတွေထဲက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း အစီအမံကို IEC လူငယ်ရေးရာဌာနက လူငယ်နဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်း‌ရေးကိစ္စရပ်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လူငယ်ရေးရာဌာန တာဝန်ရှိသူက ပြောပါတယ်။

အသက်မပြည့်သေးဘဲ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေအတွက် စင်တာထားရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအမံတွေကို ဆောင်ရွက်သွားမယ်လို့ လူငယ်ရေးရာဌာန - ဌာနမှူးကြီး ခွန်းသောမတ်စ်က ပြောပါတယ်။

“အသက်မပြည့်သေးဘဲနဲ့ သုံးစွဲနေကြတဲ့လူငယ်တွေ ကိစ္စတွေရှိတယ်။ ထောင်ပို့ရမလား သို့မဟုတ်ရင် ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတဲ့ကိစ္စကို တိုင်ပင်ကြတော့ အသက်မပြည့်သေးတဲ့လူငယ်တွေကို စင်တာမှာထားရှိပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စိတ်ရောကိုယ်ရော အဲ့လို ကောင်းကောင်းမွန်မွန် ဆောင်ရွက်သွားဖို့ရှိတယ်” လို့ ခွန်းသောမတ်စ် က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

IEC လူငယ်ရေးရာဌာနကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဦးစီးကောင်စီကနေ ချမှတ်လုပ်ငန်းစဉ်တွေ၊ လုပ်သင့်လုပ်ထိုက်တဲ့ မူဝါဒကို ပြင်ဆင်ရေးဆွဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး အစီအမံသည် လူငယ်များအတွက် အကျိုးရှိသော အစီအမံဖြစ်တဲ့အတွက် စနစ်ကျတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ပြုလုပ်စေလိုတယ်လို့ ဖယ်ခုံမြို့နယ်မှ လူငယ်အမျိုးသမီးတစ်ီဥးက ပြောပါတယ်။

“အလွန်ကောင်းတဲ့ကိစ္စပါ ဒါပေမယ့်အရင်စနစ်အတိုင်းသွားရင်တော့ မထူးဘူးပေါ့။ လိုင်စင်လုပ်သင့်တာပေါ့။ အခွန်ဆောင်စေတာ၊ အရွယ်မရောက်သူသုံးစွဲရင် ပြစ်ဒါဏ်ပေးတာ စသဖြင့်ပေါ့။ ပြီးတော့ ဆေး၊ အရက်အတွက် ကုသရေး စင်တာတွေဖွင့်သင့်တာ ဒါတွေ ဆွေးနွေးပြီးမှ ဥပဒေသေချာရေးဆွဲပြီးမှ ဖမ်းဆီးတာတွေ လုပ်သင့်ပါတယ်။ ဥပဒေအကြောင်းအရာကို နားလည်မှ ပြုလုပ်တာ အကောင်းဆုံးလို့ မြင်မိပါတယ်” လို့ အဆိုပါ လူငယ်အမျိုးသမီးက သုံးသပ်ပြောဆိုထားပါတယ်။

လူငယ်နဲ့ ပြန်လည်ထူထောင်ရေးအစီအမံကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး လူငယ်အသင်းအဖွဲ့တွေနဲ့ အစိုးရဌာနကြား ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ခွန်းသော်မတ်စ်က ဆက်ပြောပါတယ်။

“အဓိက ကတော့ လူငယ်နဲ့ ပြန်လည်ထူထောင်ရေးကိစ္စမှာ ဦးစားပေး တစ်ပေါ့။ ကရင်နီပြည်မှာရှိတဲ့ လူငယ်တွေနဲ့ ဌာနကြားမှာ ချိတ်ဆက်မှုရှိအောင် လူငယ်အသင်းအဖွဲ့တွေနဲ့ အစိုးရဌာနကြားမှာ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကို အဓိက လုပ်ဆောင်သွားမယ်” လို့ ခွန်းသောမတ်စ်က ပြောပါတယ်။

ကြားကာလအတွင်း ကရင်နီပြည်မှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်တွေများလာသလို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ဘိန်းစိုက်ပျိုးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြတာကို တွေ့လာရတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

လူငယ်‌ရေးရာဌာနရဲ့ လုပ်ငန်းဆောင်တာချမှတ်မှုကို ကြိုဆိုလက်ခံပြီး လက်တွေ့လုပ်ဆောင်ချက်များကို ပိုမိုမျှော်လင့်တယ်လို့ ဒီးမော့ဆိုမြို့နယ်မှ ဒေသခံ အမျိုးသမီးလူငယ်တစ်ဦးက ပြောပါတယ်။

“ကျမကတော့ IEC ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းတယ်လို့မြင်တယ်။ ဒါပေမဲ့ တစ်ခုခုကို ပြောလိုက်ပြီဆိုရင် အပြောနဲ့တင်မဟုတ်ပဲ လက်တွေ့လုပ်ဆောင်ခိုင်းချင်တာပေါ့နော။ လောလောဆယ်က IEC ကြောင့် ကျမတို့မှာ မျှော်လင့်ချက်တစ်ခု ရှိလာတယ်ဆိုပေမဲ့ နောက်ဆုံးမှာ‌တော့ မျှော်လင့်ချက် မဲ့မသွားချင်ဘူးပေါ့နော်။ IEC ကလည်း ကျမတို့ လူထုနဲ့ များများ ထိတွေ့ဆက်ဆံသင့်တယ်” လို့ အဆိုပါ လူငယ်အမျိုးသမီးက ပြောပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောာင်စီ IEC က စိတ်ကိုပြောင်းလဲစေသောမူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းနဲ့ ရောင်းဝယ်ဖောက်ကားခြင်း၊ ‌တော်လှန်ရေး လူမှုကျင့်ဝတ်နဲ့မညီတဲ့ လိင်ဖျော်ဖြေရေး၊ အာဏာသိမ်း စစ်တပ်ထောက်လှမ်းရေး၊ ပြည်သူနဲ့တော်လှန်ရေးကို ထိခိုက်စေတဲ့ မဟုတ်မမှန်သတင်းဖြန့်ဝေခြင်းနဲ့ မြေပြင်/အွန်လိုင်း ဂိမ်း လောင်းကစား စတဲ့ လုပ်ငန်းတွေကို တရားဥပဒေစိုးမိုး‌ရေးအစီအမံအဖြစ် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်းက နောင်ဗိုလ်ကျေးရွာကို PNO မိးရှို့မှုကြောင့် နေအိမ် မီးလောင်စဉ် (ဓါတ်ပုံ - PNLA )
January 20, 2026
ရှမ်းပြည်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ ခြိင်းနင် ကျေးရွာကို...
ကရင်နီပြည်က အကျဉ်းထောင်တနေရာကို တွေ့ရစဉ် (ပုံဟောင်းအသုံးပြုထားသည်။)
January 19, 2026
ကရင်နီပြည် ၊ သံလွင်အရှေ့ခြမ်းက အကျဉ်းထောင်တခုမှာ မနေ့က ဇန်နဝါရီလ ၁၈ ရက်၊ မနက်စောပိုင်းက...
January 17, 2026
ရှမ်းပြည်တောင်ပိုင်း- ကရင်နီပြည် နယ်စပ်က ကျေးရွာခံအချို့နဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့...
ဓါတ်ပုံ - ထွန်းမြန်မာဒိုနေးရှင်း
January 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က ကျေးရွာတနေရာအနီးအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကော်မရှင်တပ်က...