ဒိုက်ဦးထောင် ဦးစီးမှူးအသစ်က နိုင်ငံရေးအကျဥ်းသူ ၁၃ ဦးကို အာဏာပြတိုက်ပိတ်၊ တိုက်ပိတ်ရက် ၁၅ ရှိပြီဖြစ်

ဒိုက်ဦးထောင် ဦးစီးမှူးအသစ်က နိုင်ငံရေးအကျဥ်းသူ ၁၃ ဦးကို အာဏာပြတိုက်ပိတ်၊ တိုက်ပိတ်ရက် ၁၅ ရှိပြီဖြစ်

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင် ဦးစီးမှူးအသစ်က နိုင်ငံရေးအကျဥ်းသူ ၁၃ ဦးကို အာဏာပြသည့်အနေဖြင့် တိုက်ပိတ်ဖိနှိပ်နေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။

ယခု ၂၀၂၅ ခုနှစ်အတွင်း ဒိုက်ဦးထောင်၊ အမျိုးသမီးဆောင်သို့ ပြောင်းရွှေ့လာသည့် ဦးစီးမှူး ဒေါ်ဇာဇာမင်းက နိုင်ငံရေးအကျဥ်းသူများကို ဇန်နဝါရီလ ၂၄ ရက်ကစကာ တိုက်ပိတ်ထား၍ ယနေ့ (ဖေဖော်ဝါရီလ ၇ ရက်) တွင် ၁၅ ရက်ရှိပြီဖြစ်သည်။

တိုက်ပိတ်ခြင်း၏ အကြောင်းပြချက်မှာ ၎င်းကို ပြန်ခံပြော၍ဟုဆိုသော်လည်း နိုင်ငံရေးအကျဉ်းသူများအပေါ် လူ့အခွင့်အရေး ပေါ်တင်ချိုးဖောက်ခြင်းဖြစ်သည်ဟု မဇူးဇူးမေယွန်းက ပြောသည်။

”အကြောင်းမဲ့သက်သက် လုပ်ဆောင်တယ်လို့ ကြားသိထားရပါတယ်။ အဓိကကတော့ သူ (ဒေါ်ဇာဇာမင်း) သည် တနေရာနဲ့တနေရာ ထောင်ပြောင်းခံရ (တာဝန်ထမ်းဆောင်သည့်နေရာ ပြောင်းရွှေ့ခံရ) တယ်ဆိုရင် ထောင်တွေမှာက ဆိုးသွမ်းတဲ့သူစာရင်းကြောင့် ဒါဆိုးသွမ်းတဲ့သူဆိုပြီး ထောင်ပြောင်းပို့တာမျိုးပေါ့နော်။ လက်ရှိမှာလည်း သူ့အနေနဲ့က ထောင်ထဲမှာ အဓိက တော်လှန်ရေး နိုင်ငံရေး အခံရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ဖိနှိပ်ပြီးတော့ စတင် ချိုးနှိမ်တယ်လို့ပဲ မြင်မိပါတယ်” ဟု မဇူးဇူးမေယွန်းက မဇ္ဈိမကိုပြောသည်။

ဒိုက်ဦးထောင်တွင် ကျွေးသည့်ထမင်းမှာ ကြမ်းလွန်း၍ အစာအိမ်အောင့်သည့်ဝေဒနာကို အကျဥ်းသူ၊ အကျဥ်းသားများ ခံစားနေရကြောင်းသိရသည်။

ထို့ပြင်ရောဂါဝေဒနာ ခံစားနေရသူများကို အကိုက်အခဲပျောက်ဆေးပင် မပေးကြောင်းနှင့် ဆေးရုံ၊ ဆေးပေးခန်း မရှိသည့် ဒိုက်ဦးထောင် အမျိုးသမီးအဆောင်ရှိ အကျဉ်းသူများအတွက် ဆေးဝါးလိုအပ်ချက် မြင့်တက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ဒိုက်ဦးအကျဉ်းထောင်အတွင်း ကိုယ်ဝန်ဆောင်၊ ကလေးငယ်မိခင် အပါအဝင် နိုင်ငံရေးအကျဉ်းသူဦးရေ ၃၀၀ ကျော်ရှိကြောင်း မဇူးဇူးမေယွန်း၏ ပြောကြားချက်အရ သိရသည်။

WOPP အနေဖြင့် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ဖော်ထုတ်ကူညီပေးနေပြီး အဆိုပါကိစ္စရပ်များ ထပ်မံ မဖြစ်ပေါ်ရေးမတွက် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...