ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ရှောင်စခန်းမှာ ၁၀ နှစ်အောက် ကလေးငယ်တွေ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အဖြစ်များ

ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ရှောင်စခန်းမှာ ၁၀ နှစ်အောက် ကလေးငယ်တွေ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အဖြစ်များ

ထိုင်း- ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ၁၀ နှစ်အောက် ကလေးငယ်တွေ ရာသီအကူးအပြောင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အဖြစ်များနေကြတယ်လို့ စစ်ရှောင်ဆေးပေးခန်းရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

ကလေး၊ လူကြီး အသက်အရွယ်မရွေး ဖြစ်ပွားနေကြပြီး ၁၀နှစ်အောက် ကလေးငယ်တွေ အဖြစ်များတယ်လို့ သိရပါတယ်။ ရောဂါလက္ခဏာခံစားရတာ ကြာလာတဲ့ ကလေးငယ်တွေကတော့ အသက်ရှူရခက်ခဲတာ၊ အသက်ရှူမဝတာဖြစ်ပွားနိုင်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်လာနိုင်တယ်လို့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

“ဒီနှာစေးချောင်းဆိုးတာက နောက်ဆက်တွဲ စိုးရိမ်မှုက ကျမတို့ ကလေးတွေမှာ မပြောပြတတ်တဲ့ဟာတွေ ရှိတယ်ဆိုတော့ ဒီအသက်ရှူလမ်းကြောင်းက ကျမတို့ ရိုးရိုးပဲ ပြောပေမယ့်လည်း အကြာကြီးဖြစ်သွားလို့ရှိရင် အသက်ရှူခက်ခဲသွားတယ်။ အသက်ရှူ မဝဘူးဆိုရင် အောက်ဆီဂျင်တွေက ကျသွားတယ်။ ပြီးလို့ရှိရင်တော့ သူက အသက်အန္တရာယ်တွေ ဆုံးရှုံးရတဲ့အထိတောင် ဖြစ်သွားနိုင်တာပေါ့နော်” လို့ သူက ပြောပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက စတင်ခံစားရတာဖြစ်ပြီး လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲလို့ ဆိုပါတယ်။ နှာစေး ချောင်းဆိုးတာ၊ နှာရည်ယိုတာ၊ ကိုယ်ပူတာ စတဲ့လက္ခဏာတွေကြောင့် ဆေးပေးခန်းမှာ တစ်ရက်ကို ကလေး၊ လူကြီး လာရောက်ပြသသူ အများဆုံး ၂၀ဦးထိ ရှိတယ်လို့ ဆိုပါတယ်။

“ အများအားဖြင့်က နှာစေးတာ၊ ချောင်းဆိုးတာ ပြီးတော့မှ ချမ်းစိမ့်စိမ့် အဲ့လိုဖြစ်လာတာပေါ့။ အအေးမိတာတွေ ပိုပြီးတော့ အဖြစ်များတာပေါ့နော် နှာစေး ချောင်းဆိုးတာက တစ်လပေါ့နော် ပျမ်းမျှအားဖြင့် တစ်လ ဆို အနည်းဆုံးတော့ လူဦးရေ ၁၀၀ ကျော်လောက် ဖြစ်နေတာပေါ့နော် ဒီအသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ၁၀၀ ကျော်လောက်ဖြစ်တယ်။” လို့ စစ်ရှောင်ဆေးပေးခန်းရဲ့ တာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၅၀၀ကျော်ရှိပြီး လူဦးရေ ၂၇၀၀ ကျော်ရှိပါတယ်။ ကရင်နီပြည်က စစ်ဘေးရှောင်စခန်းအများစုမှာ ရာသီအကူးအပြောင်းကာလအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ နဲ့ ရာသီတုပ်ကွေးကို နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားသူများပြားနေပြီး ဆေးရုံ၊ ဆေးခန်းမရှိတဲ့ စစ်ရှောင်စခန်းတွေမှာတော့ ဆေးဝါးရရှိဖို့ အခက်အခဲရှိကြတယ်လို့ သိရပါတယ်။

Most read this week

July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...
July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...
July 23, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က...
July 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က နွားကျောင်းနေသည့် အမျိုးသားနှစ်ဦးကို...