ကရင်နီဒုက္ခသည်ပြည်သူများ လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေ

ကရင်နီဒုက္ခသည်ပြည်သူများ လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေ

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေး၊ ရေဘေးနှင့် မြေပြိုဘေးသင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးနေသော်လည်း လုံလောက်မှုမရှိဘဲ လိုအပ်မှုများစွာ ရှိနေဆဲဖြစ်သည်။

IEC က ၃ လ တစ်ကြိမ် သို့မဟုတ် ၂ လ တစ်ကြိမ် စစ်ရှောင် တစ်ဦးကို ဆန် ၂ ပြည်နှုန်းနှင့် လာရောက်ပံ့ပိုးပေးနေသော်လည်း စားနပ်ရိက္ခာ လိုအပ်မှုရှိနေဆဲ ဖြစ်သည်ဟု ဖရူဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု IEC ကတော့ တောက်လျှောက် ဖြန့်ဝေရေးသွားတာကတော့ အရေးပေါ် မျိုးသွားတာတော့ရှိတယ်ပေါ့နော်။ နောက်တစ်ခြားအလှူရှင်တွေကတော့ သူ့ဟာသူ ဝေနေတာမျိုးတွေတော့ရှိတာပေါ့နော။ စစ်ရှောင်အခြေအနေကတော့ အဲ့လိုမျိုးရှိတယ်ပေါ့။ IEC မှာ သူတို့ ရိက္ခာပြတ်လပ်ကြောင်းတင်တော့ IEC ကလည်း ကွင်းဆင်းပြီးတော့ ဖြန့်ဝေတာမျိုးတွေ ရှိတယ်”

ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့နယ်၊ ဖရူဆိုမြို့၊ လွိုင်ကော်မြို့၊ ရှားတောမြို့နယ်၊ဖားဆောင်းမြို့ နယ်နှင့် မယ်စဲ့မြို့နယ်တို့မှာ စစ်ဘေးရှောင်များအပြင် ရေဘေးနှင့် မြေပြိုဘေးကြုံတွေ့ခဲ့ရသည့် ကျေးရွာများနှင့် စစ်ရှောင်စခန်းများကို အခြေခံစားနပ်ရိက္ခာနှင့် အမိုးအကာများထောက်ပံ့ပေးခဲ့သည်ဟု IEC က နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

ဇူလိုင်လမှ စက်တင်ဘာလအတွင်း IEC ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက စစ်ရှောင်စခန်း (၁၅၅) ခု ရှိ အိမ်ထောင်စု (၉,၆၁၄) စုကို စားနပ်ရိက္ခာနှင့်အမိုးအကာများကို ထောက်ပံ့ပေး နိုင်ခဲ့သည်။

IEC က ထိုကဲ့သို့ ထုတ်ပြန်ပြောဆိုထားသော်လည်း လူသားချင်းစားနာမှု အကူအညီများက ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအချို့ကို အကူအညီများ မရောက်လာသေးဘူးဟုစစ်ဘေးရှောင် အမျိုးသမီးဦးက ပြောသည်။

“IEC လား ဘာမှမရဘူး။ ကျမတို့ဆီမှာ တစ်ခုမှမရဘူး။ တောင်းတာ ၃ ခါရှိပြီ။ ဘာမှအကြောင်းမပြန်ဘူး။ ဘာတစ်ခုမှလည်း မပြောဘူး။ ဘာမှလည်း မလုပ်ပေးဘူး။ အထူးသဖြင့်ကျမကျောင်းဆောင်ဆောက်ရမယ်ဆိုတဲ့အချိန်မှာ သူတို့ဆီကနေ စာရေးပြီးတော့ ၂ ခါတင်ပေးတယ်။

သူတို့ဆီကနေ မိုးကာ ၁၈ ပေ ပတ်လည် ၂ ထည်ပဲ ရလာတယ်။ ဆီဖိုးပဲ ကုန်တယ်။ ဘာမှမထူးဘူး။ ပညာရေးရော၊ စားနပ်ရိက္ခာပိုင်းရော တစ်ခါမှရောက်မလာဘူး။”

IEC အနေဖြင့် စစ်ဘေးရှောင်များကိုသာမက ရေဘေးသင့်ပြည်သူ အယောက် (၁၃,၀၀၀) အတွက်အခြေခံ စားနပ်ရိက္ခာများကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မြေပြိုမှုကြောင့် အရေးပေါ် အကူအညီ လိုအပ်နေသည့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အမိုး အကာများအပြင် အရေးပေါ် လိုအပ်နေသည့် စက်သုံးဆီကိုလည်း ထောက်ပံ့ပေးခဲ့သည်ဟု IEC က ထုတ်ပြန်ထားသည်။

ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...
 ဓါတ်ပုံ - (ပုံဟောင်း / Crd)
August 28, 2026
ရှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ ဆက်သွယ်ထားသည့် ပြည်ထောင်စု...
August 27, 2026
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲခံထားရသည့် နေရာအနီးဝန်းကျင်ရှိ သီးနှံ၊ အစား...