တိုက်ပွဲ ဂွမြို့အနီးဖြစ်ပွားလာ

တိုက်ပွဲ ဂွမြို့အနီးဖြစ်ပွားလာ
ဂွက ထွက်ပြေးနေကြရသူများ/ ပုံဟောင်
ဂွက ထွက်ပြေးနေကြရသူများ/ ပုံဟောင်

အာရက္ခတပ်တော် ( AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ ဂွမြို့မြောက်ဘက် (၁၀) မိုင်ခန့် အကွာ ချင်းကုန်းရွာနဲ့ ရွှေတွင်းတူးကျေးရွာအနီးတွင် ဖြစ်ပွားလာပြီး အနီးအနားရှိ ကျေးရွာများမှ ဒေသခံများကို ရွာကနေ ထွက်သွားကြရန် စစ်ကောင်စီတပ်က ညွှန်ကြားထားသည်ဟု သတင်းရရှိသည်။

“ တိုက်ပွဲက မနေ့ညနေကနေ ဒီကနေ့မနက်ထိ ချင်းကုန်းနဲ့ ရွှေတွင်းတူးရွာနောက်ကြောမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပါတယ်။ စစ်တပ်က ဂွမြို့အဝင် တပ်ရင်း ၅၆၃ နဲ့ ရိုးပေါ် ၁၁ မိုင်က အမြောက်နဲ့ ပစ်ကူပေးတယ်။ ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာတော့ တိုက်ပွဲရပ်နေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုသို့ ဂွနှင့် အများကြီး မဝေးတော့သည့် နေရာများတွင် တိုက်ပွဲဖြစ်ပွားလာသဖြင့် အေအေ ဝင်ရောက်လာနိုင်သည်ဟု ယူဆထားသည့် ရဟိုင်းဖျား၊ မြွေတွေ့၊ ကွင်းလျှားရှည်၊ ကျောင်းကုန်းနှင့် ရဟိုင်းကွင်းကျေးရွာများမှ  ရွာသားများကို ရွာကနေ ထွက်သွားကြရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု ဆိုသည်။

“ မြွေတွေ့၊ ကွင်းလျှားရှည်တို့က လူတွေကတော့ ငသိုင်းချောင်းမြို့နယ်နဲ့ မကျဉ်းဇင်ဘက်ကို ရှောင်သွားကြတယ်လို့ သိရပါတယ်။ အခု ဂွမြို့ ခမရ ၅၆၃ တပ်ရင်းနဲ့ တိုက်ပွဲက နီးလာတယ်။ ၅၆၃ အထွက် ရွှေနန်းခိုင်စစ်ဆေးရေးဂိတ်အထွက် ညာဘက်အခြမ်း ရိုးတောင်ဘက်ကို သွားတဲ့လမ်းရှိတယ်။ အဲဒီလမ်းက ရဟိုင်းကွင်းကို ရောက်တယ်။ အဲဒီကနေ ဂွကို ဝင်လာနိုင်တယ်လို့ ယူဆထားပုံရပါတယ်။ ဒါကြောင့် လမ်းတစ်လျှောက်ရှိ ကျေးရွာတွေက လူတွေကို စစ်တပ်က ထွက်သွားခိုင်းတာလို့ သိရပါတယ်”ဟု ပြောကြားသည်။

ရဟိုင်းကွင်းကျေးရွာသည် ဂွမြို့အဝင် ခမရ (၅၆၃) နှင့် အနီးဆုံးကျေးရွာဖြစ်ပြီး ၎င်းကျေးရွာမှ ဒေသခံများမှာလည်း ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

 (ပုံစာ- ဂွက ထွက်ပြေးနေကြရသူများ/ ပုံဟောင်း)

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...