မိုးညှင်းမြို့အတွင်းမှာ Starlink အင်တာနက်စက်များကိုလိုက်သိမ်းဆည်းမည်

မိုးညှင်းမြို့အတွင်းမှာ Starlink အင်တာနက်စက်များကိုလိုက်သိမ်းဆည်းမည်

မိုးညှင်းမြို့နယ်အတွင်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်များဖြတ်တောက်ခံရပြီးနောက်  ဂြိုလ်တု အင်တာနက် Starlink  နဲ့သာ ဒေသခံတွေက ဆက်သွယ်ရေးအတွက် အသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။

နိုဝင်ဘာလ ဒုတိယအပတ်အတွင်းမှာ စစ်ကောင်စီက Starlink စက်တွေကို လိုက်လံသိမ်းဆည်းမယ့် သတင်းများ ဒေသတွင်းမှာ ထွက်လာပြီးတဲ့နောက် အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေ ရပ်နားလာကြတယ်လို့ သိရပါတယ်။

“ သိမ်းတာကတော့ ဟိုလိုကြီးစက်ကို လာသိမ်းတာမဟုတ်သေးဘူး။ စက်ကိုသိမ်းမယ်ဆိုတဲ့ သတင်းတွေထွက်နေတော့ ၊အင်တာနက်အသုံးပြုလို့ရတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကို အကုန်လုံးဖြုတ်သိမ်းလိုက်ကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိုစက်များကို လက်ရှိအချိန်ထိ သိမ်းဆည်းမှုမရှိသေးသော်လည်း စစ်ကောင်စီဘက်က အသိပေးထားတဲ့ သတ်မှတ်ရက်ကျော်လွန်ရင် ဖမ်းဆီးနိုင်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

Starlink အင်တာနက်များဟာ မိုးညှင်းမြို့ပေါ်မှာ  အသုံးပြုလို့ရတာ နှစ်လဝန်းကျင်သာရှိပြီး စက်အလုံးရေအနည်းငယ်သာရှိစဉ်က  တစ်နာရီ ကျပ်နှစ်သောင်းရှိရာကနေ လက်ရှိ စက်အလုံးရေ ဆယ်နှင့်ချီရှိပြီးနောက်  တစ်နာရီ ကျပ်သုံးထောင်အထိ စျေးနှုန်းကျဆင်းသွားပါတယ်။

လက်ရှိ မိုးညှင်းမြို့မှာ ပြည်တွင်းမှာ အသုံးပြုတဲ့ ဖုန်းလိုင်းတွေဟာ ရပ်ကွက်တချို့မှာရရှိနေပြီး အင်တာနက်တွေကတော့ လုံးဝပြတ်တောက်နေဆဲလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁  ရက်နေ့ကစလို မိုးညှင်းမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်အားလုံးနီးပါး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများပြတ်တောက်ခဲ့ကာ ဆက်သွယ်ရေးနဲ့  ကချင်ပြည်နယ်ရဲ့ သွင်းကုန်ထုတ်ကုန် ရပ်လုနီးပါး ဒေသခံများ ကြုံခဲ့ကြရတာလည်းဖြစ်ပါတယ်။

ထိုသို့ပြတ်တောက်မှုတွေ တစ်လကျော်အကြာမှာ မိုးညှင်း ၊ မိုးကောင်း ၊ မြစ်ကြီးနား နဲ့ ဖားကန့်မြို့နယ်တွေက Starlink အင်တာနက်ကို စျေးဆိုင် ၊ လက်ဖက်ရည်ဆိုင် နဲ့ ကျောက်လုပ်ငန်းရုံတွေကနေ စတင်အသုံးပြုခဲ့ကြတာလည်း ဖြစ်ပါတယ်။

Most read this week

September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...