မာန်အောင်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန် စစ်ကောင်စီညွှန်ကြား

မာန်အောင်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန် စစ်ကောင်စီညွှန်ကြား
ပုံဟောင်း
ပုံဟောင်း

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန် စစ်ကောင်စီကအုပ်ချုပ်ရေးမှူးများမှတဆင့် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

မာန်အောင်မြို့နယ်တွင် ဒေသအတွင်း စစ်ရေးအခြေများငြိမ်သက်နေသော်လည်း တောင်ကုတ်မြို့မှ လက်နက်ကြီးပစ်ခတ်သံများကို ကြားနေရသဖြင့် စစ်ကောင်စီတပ်မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ယင်းကြောင့် အာရက္ခတပ်တော် (AA)ဝင်ရောက်လာမည်ကိုစိုးရိမ်၍ ယခုနိုဝင်ဘာလမှစ၍ ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားရမည်ဟု သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှတဆင့် ညွှန်ကြားထားကြောင်း မာန်အောင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဧည့်စာရင်းက နှစ်တိုင်းတိုင်ရတယ်။ ပုံမှန်တိုင်ရတယ်။ မတိုင်ရင်လည်း သိပ်မပြောဘူးပေါ့နော်။နားလည်မှုနဲ့ နေကြတယ်ပေါ့နော်။ ဒါပေမယ့် အခုလကနေစပြီး ဧည့်စာရင်းတွေကို ပြန်ပြီးစစ်လာတယ်။မဖြစ်မနေ တိုင်ကြားရမယ်ပြောတယ်။ အစည်းအဝေးခေါ်ပြီးပြောတာပါ"ဟု ပြောသည်။

မာန်အောင်မြို့နယ်သို့ တောင်ကုတ်မြို့မှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် စစ်ရှောင်များလည်း အများအပြားရောက်ရှိလာနေ၍ ယခုကဲ့သို့ဧည့်စာရင်းများကိုပြန်လည်တိုင်ကြားရန် ညွှန်ကြားခြင်းဖြစ်နိုင်ကြောင်း မာန်အောင်လူငယ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"တောင်ကုတ်က စစ်ရှောင်တွေအများကြီး ရောက်လာတယ်။ မြို့ပေါ်မှာရော၊ နယ်မှာရော။ တချို့ကတော့ မာန်အောင်ကနေ တောင်ကုတ်မှာ အခြေချတဲ့သူတွေ တောင်ကုတ်မှာတိုက်ပွဲဖြစ်တော့ ရွာပြန်လာကြတာရှိတယ်။ လူတွေအဝင်များလာပြီးနောက်ပိုင်း ဧည့်စာရင်းပြန်လို့တိုင်ရမယ် ဖြစ်သွားတာ" ဟု ပြောသည်။

လက်ရှိ တောင်ကုတ်မြို့အနီး စစ်ကောင်စီတပ်စခန်းအချို့ကို AA က သိမ်းပိုက်ထားပြီဖြစ်ပြီး မြို့တွင်းတိုက်ပွဲကို ဖော်ဆောင်လျက်ရှိသည်ဟု သိရသည်။

ရမ်းဗြဲ-မာန်အောင်သို့ ကုန်သွယ်သူများကိုလည်း မာန်အောင်မြို့တွင် သုံးရက်ထက်ပို၍ နေခွင့်မပြုရန်ညွှန်ကြားထားကြောင်း သိရသည်။

မာန်အောင်ဒေသခံများမှာလည်း တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်၍ ငွေကြေးတတ်နိုင်သူများမှာ ရန်ကုန်သို့ သင်္ဘောဖြင့် လူတစ်ဦးကို ငွေကျပ် သုံးသိန်းပေးကာ တိမ်းရှောင်သူများလည်းရှိနေကြောင်း သိရသည်။

မာန်အောင်တွင် ကုန်ဈေးနှုန်းမြင့်သည်ကလွဲ၍ ကုန်တင်သင်္ဘောဖြင့် စားသောက်ကုန်၊ ဆေးဝါးများ ပုံမှန်ဝင်ရောက်လည်ပတ်လျက်ရှိပြီး မာန်အောင်-ရန်ကုန် ကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...