နောင်ချိုတွင် လက်ဖက်ရည်ဆိုင်ပေါ် ဗုံးကြဲချ၊ အနည်းဆုံး ၁၁ ဦး သေဆုံး

နောင်ချိုတွင် လက်ဖက်ရည်ဆိုင်ပေါ် ဗုံးကြဲချ၊ အနည်းဆုံး ၁၁ ဦး သေဆုံး
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့် နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ခရီးသွားများ အပါအဝင် လူ ၁၁ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်း ရရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် ခရီးသည်များ၊ ကားဆရာများနှင့် ဆိုင်ဝန်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။

“လောလောဆယ်အထိ ရုပ်အလောင်း ၁၁ လောင်း ကောက်ယူရရှိထားပြီ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ နောင်ချိုမြို့လယ်လို အရပ်ဘက်နေရာကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်မှုမျိုး မလုပ်သင့်၊ မဖြစ်သင့်ကြောင်းလည်း ဒေသခံများက ဆိုသည်။

“မြောက်ပိုင်ခရီးသည်တင်ကားလေးတွေ တထောက်နားတဲ့နေရာ၊ တကယ့်မြို့လယ်ပါ၊ အရင်က စည်းလုံးခြင်းအင်အားပြယုဂ် ရုပ်တု ထင်းစည်းချိုးနေတဲ့နေရာပါပဲ” ဟု မန္တလေး- နောင်ချို ပြေးဆွဲနေသည့် ယာဉ်မောင်းတဦးက မဇ္ဈိမကို ပြောသည်။

နောင်ချိုမြို့သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားသည့်‌ မြို့ဖြစ်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင်အချိန်ကလည်း ပေါင် ၃၀၀ ဗုံးဖြင့် လေကြောင်းတိုက်ခံရ၍ လူထိခိုက်မှု မရှိသော်လည်း လူနေအိမ်များ ထိခိုက်မှန်ပျက်စီးခဲ့သည်။

သို့သော် နိုဝင်ဘာလ ၂ ရက်နေ့ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ဒေသခံအရပ်သား သုံးဦးသေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့  ည ၁၁ နာရီခန့်တွင်လည်း မန္တလေးတိုင်းထဲက TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သားလေးဦး သေဆုံးကာ ငါးဦးဒဏ်ရာရသွားကြောင်း TNLA က ထုတ်ပြန်ထားသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...