လွှတ်မြောက်ရန်ကြန့်ကြာနေ၍ အိန္ဒိယအကျဥ်းထောင်တွင်းမှ မြန်မာနိုင်ငံသားများ အစာငတ်ခံဆန္ဒပြ

လွှတ်မြောက်ရန်ကြန့်ကြာနေ၍ အိန္ဒိယအကျဥ်းထောင်တွင်းမှ မြန်မာနိုင်ငံသားများ အစာငတ်ခံဆန္ဒပြ
အိန္ဒိယတွင် အကျဉ်းကျနေသည့်  မြန်မာနိုင်ငံသားများကို ၂၀၂၄ ခုနစ် ဇွန်လတွင်းက စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်စဥ် ဓါတ်ပုံ - မဏိပူရပြည်နယ်ဝန်ကြီးချုပ် လူမှုကွန်ရက်စာမျက်နှာ
အိန္ဒိယတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားများကို ၂၀၂၄ ခုနစ် ဇွန်လတွင်းက စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်စဥ် ဓါတ်ပုံ - မဏိပူရပြည်နယ်ဝန်ကြီးချုပ် လူမှုကွန်ရက်စာမျက်နှာ

အိန္ဒိယအကျဥ်းထောင်တွင်း အကျဥ်းကျနေသည့် မြန်မာနိုင်ငံသားများသည် လွှတ်မြောက်ရန်ကြန့်ကြာနေ၍  ယမန်နေ့ (နိုဝင်ဘာလ ၁၀ ) ရက်က စ၍ အစာငတ်ခံ ဆန္ဒပြနေကြကြောင်း အကျဥ်းကျခံနေရသူ၏ မိသားစုဝင်ထံက သိရသည်။

အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊ အင်ဖာမြို့ ၊ ဆာဂျီးဝါးထောင်တွင် အကျဥ်းကျနေသည့် မြန်မာနိုင်ငံသား ၂၇ ဦးကို အိိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက မကြာမီလွှတ်မြောက်တော့မည်ဟု လွန်ခဲ့သည့် နှစ်လခန့်က ပြောဆိုခဲ့သော်လည်း ထူးခြားမှုမရှိသဖြင့် ထိုသို့ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိ၍  ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး တရားရုံးကချမှတ်ထားသည့် ထောင်ဒဏ်၊ ငွေဒဏ်များကျခံပြီးနောက် လွတ်ရက်စေ့ပြီဖြစ်သော်လည်း ဆက်လက်ချုပ်နှောင်ခံနေရခြင်းဖြစ်ကြောင်း သိရသည်။

“အခု သူတို့က မြန်မာနိုင်ငံသားဖြစ်ကြောင်း မြန်မာသံရုံးက ကတ်ပြားထုတ်ပေးပြီးရင် အိန္ဒိယဘက်ကတာဝန်ရှိတဲ့သူတွေက လွှတ်ပေးမယ်လို့ပြောထားတာ။  အဲဒါ မေးတော့လည်း အကြောင်းမထူးလို့ ဆန္ဒပြကြတာတဲ့” ဟု ထိန်းသိမ်းခံထားရသူ၏ မိသားစုဝင်က မဇ္ဈိမ ကိုပြောသည်။

၎င်းတို့သည် စစ်ကောင်စီအာဏာမသိမ်းမီကပင်  မဏိပူရပြည်နယ်အတွင်း ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေကြခြင်းဖြစ်ပြီး အဖမ်းခံရသူအချို့မှာ လေးနှစ်ကျော်ကြာချိန်ထိ အချုပ်အနှောင်ခံနေရဆဲဖြစ်သည်။

အကျဥ်းထောင်တွင်းမှ အမြန်ဆုံးပြန်လည်လွတ်မြောက်စေလိုပြီး ကျန်မိသားစုဝင်များမှ စားဝတ်နေရေး အခက်ကြုံနေရ၍ ထောင်ဝင်စာပို့ရန်ပင် ခက်ခဲနေကြောင်း မိသားစုဝင်တဦးက ဆိုသည်။

ဆာဂျီဝါး ထောင်တွင်း၌ အစာငတ်ခံဆန္ဒပြနေသူ ရွှေ့ပြောင်းလုပ်သား  ၂၇ဦးအပြင်  အခြားတရားမဝင် ရွှေ့ပြောင်းလုပ်သား အမျိုးသမီး ၂၁ ဦးနဲ့ ကလေးရှစ်ဦး စုစုပေါင်း ၅၆ဦးရှိကြောင်းသိရသည်။ ၎င်းတို့အပြင် အိန္ဒိယ - မြန်မာနယ်စပ်မှ စစ်ဘေးရှောင်မြန်မာနိုင်ငံသား ၁၀၀ခန့် တရားဝင်နေထိုင်ခွင့်မရှိသောကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရလျက်ရှိနေသည်။

ထိန်းသိမ်းခံရသူများသည် လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ်ဆန္ဒပြမှုများ ရှိခဲ့သော်လည်း ထောင်အာဏာပိုင်များဘက်က တရားရုံးအမိန့်မရမချင်း လွှတ်ပေး၍ မရကြောင်းနှင့် ပြန်လွှတ်ပါက တရားဝင်လက်ခံမည့်သူများရှိရန်လိုအပ်ကြောင်း တုံ့ပြန်ကြားသည်ဟု အထိန်းသိမ်းခံမိသားစုဝင်ထံက သိရှိရသည်။

ထိန်းသိမ်းရေးစခန်းအတွင်း မြန်မာနိုင်ငံသားများသည် အစားအသောက်ညံ့ဖျင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်းအပြင် ဘာသာစကားအခက်အခဲများ ရှိနေကြောင်း သိရသည်။

မေလ ၂ရက်နေ့တွင် ကလေးများအပါအဝင် အမျိုးသမီး ၃၉ ဦး နှင့် ဇွန်လ ၁၁ရက်နေ့က အမျိုးသား ၊ အမျိုးသမီးများအပါအဝင် မြန်မာနိုင်ငံသား ၃၈ဦးတို့ကို မဏိပူရ အာဏာပိုင်များက နယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

စစ်ခေါင်းဆောင်နှင့် စစ်ကော်မရှင်တပ်သားများအား ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
March 2, 2026
လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ...
ပုဂံတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (Ye Aung THU - AFP)
February 28, 2026
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ...
February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...