စစ်တွေတွင် ခရစ်ယာန်ဘာသာဝင်များ ဝတ်ပြုခွင့် ကန့်သတ်ခံနေရ

စစ်တွေတွင် ခရစ်ယာန်ဘာသာဝင်များ ဝတ်ပြုခွင့် ကန့်သတ်ခံနေရ
စစ်တွေမြို့ရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်း။  ဓာတ်ပုံ - Sacred Heart Church – Sittwe
စစ်တွေမြို့ရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်း။ ဓာတ်ပုံ - Sacred Heart Church – Sittwe

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းသို့ သွားရောက်ကာ ဝတ်ပြုကိုးကွယ်ခွင့်နှင့် ပတ်သက်၍ စစ်ကောင်စီက ကန့်သတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အောက်တိုဘာ လဆန်းပိုင်းမှစ၍ ဘုရားကျောင်းတက်ကာ ဝတ်ပြုမည်ဆိုပါက လူဦးရေစာရင်းနှင့်အတူ ရဲစခန်းထောက်ခံစာ (သို့မဟုတ်) ရပ်ကွက်ထောက်ခံစာများ ပါရှိမှ ဝတ်ပြုခွင့်ရကြသည်။

“သူတို့မှာက ပုံမှန် တနင်္ဂနွေနေ့ဆိုရင် ဘုရားဝတ်ပြုကြတယ်။ အဲဒီမှာ အပတ်တိုင်းသွားပြီးတော့ တက်ရောက်မယ့် လူဦးရေစာရင်းနဲ့ တက်ရောက်မယ့် အချိန်ကို ရဲစခန်းသို့သွားပြီး သတင်းပေးရတယ်။ သူတို့ခွင့်ပြုမှ သွားခွင့်ရတယ်” ဟု ခရစ်ယာန်ဘာသာဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ခရစ်ယာန်အသင်းတော်ကျောင်းရှိ ခရစ်ယာန်ဘာသာ၏ အထွဋ်အမြတ်ထားရာ လက်ဝါးကပ်တိုင်ကို ရဲတပ်ဖွဲ့ဝင်များက ဖြိုချရန် လုပ်ဆောင်ခဲ့ပြီးနောက် ခရစ်ယာန်ဘာသာဝင်များက တောင်းဆိုခဲ့သဖြင့် ဖြိုချမှု မလုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်တွင် ခရစ်ယာန်ဘာသာဝင် ၇,၀၀၀ ခန့်ရှိသည်။ စစ်ကောင်စီက လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ကန့်သတ်မှု၊ ဘာသာရေးဖိနှိပ်မှုများအပေါ် ခရစ်ယာန်ဘာသာဝင်များက ကန့်ကွက်ရှုတ်ချကြသည်။

“စစ်ရေးကို အကြောင်းပြပြီး ဘာသာရေးဖိနှိပ်မှုတွေ လုပ်ဆောင်လာတာလို့ မြင်ပါတယ်။ ခရစ်ယာန် ဘာသာဝင်တွေကို စော်ကားတာလို့ ပြောလို့ရတယ်” ဟု ရခိုင်ဒေသနေ ခရစ်ယာန်ဘာသာဝင် ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အသိုင်းအဝိုင်းများကို ပစ်ခတ်ထားတိုက်ခိုက်မှုကြောင့် ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးနေကြရသည်။မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပြင်းထန်လာနေပြီး ဘာသာရေးလွတ်လပ်ခွင့် ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က ထုတ်ပြန်ထားသည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...