ပန်ဝါတွင် KIOအုပ်ချုပ်ရေးယန္တရားစတင်

ပန်ဝါတွင် KIOအုပ်ချုပ်ရေးယန္တရားစတင်
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-ပေးပို့)

ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ရေးရုံးထံမှ သိရသည်။

ပန်ဝါမြို့ကို  KIA ပူးပေါင်းမဟာမိတ်အဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်တွင် တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ပထမလပတ်မှစတင်ကာ KIO အစိုးရ၏ ပြည်ထဲရေး(အထွေထွေအုပ်ချုပ်ရေး - Mungchying uphkang Dap) ဌာနလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်အောင် စတင်အကောင်အထည်ဖော်ခြင်းဖြစ်သည်။

မဇ္ဓျိမက ရရှိထားသည့် ရုပ်သံမှတ်တမ်းများအရ KIO အစိုးရ၏ သက်မှတ်ယူနီဖောင်းဝတ်ရဲတပ်ဖွဲ့ဝင်များက ပန်ဝါမြို့တွင်း လှည့်လည်စစ်ဆေးနေသည်ကို တွေ့ရသည်။

KIOသတင်းရင်းမြစ်က " အထက်က အုပ်ချုပ်ရေး လမ်းညွှန်အတိုင်း ကျနော်တို့ စပြီးအမှုထမ်းပါပြီ။ ကျန်တဲ့ဌာနတွေကိုလည်း တဖြည်းဖြည်း တဆင့်ပြီး တဆင့် ဖွင့်လာနိုင်အောင် လုပ်နေပါတယ်"ဟု မဇ္ဈိမ ပြောသည်။

ပန်ဝါမြို့တွင်း၌ KIO အစိုးရအုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေသော်လည်း မြစ်ကြီးနား-ပန်ဝါ လမ်းသွားလာခွင့်ကို လတ်တလောအခြေအနေအရ KIAက  ကန့်သတ်ထားဆဲဖြစ်သည်။

ပန်ဝါမြို့သည် စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် နယ်ခြားစောင့်တပ် ထိန်းချုပ်ထားသည့် ကချင်အထူးဒေသ (၁)တွင်ပါဝင်ပြီး တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားသည့် မြေရှားလုပ်ကွက်များ ရှိနေသည်။ လက်ရှိတွင် ပန်ဝါနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှပိတ်ထားပြီး မြေရှားတူးဖော်ရေးလုပ်ကွက်များလည်း ရပ်တန့်နေကြောင်း ဒေသခံအချို့က ပြောသည်။နယ်စပ်မျဉ်းတလျှောက် တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန် တရုတ်အစိုးရက KIAကို ဖိအားပေးနေသည်။ သို့သော် KIA သည် ကချင်အထူးဒေသ (၁)အတွင်းရှိ နောက်ဆုံးလက်ကျန် ကန်ပိုက်တီဗျုဟာကို ဆက်လက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

Most read this week

ဓာတ်ပုံ - ပဲခူးတိုင်း ဖြူးမြို့နယ် ရွာသစ်ကျေးရွာ အား အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် မီးလောင်ဗုံးများ ပစ်ချ၍ လူနေအိမ်များပျက်စီးနေမှုများ။ (CJ)
January 28, 2026
ဟန်ထူးဇော် — ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့နယ်၊ ရွာသစ်၊ ကြိမ်ခါးကုန်း နှင့် မအူပင်ကျေးရွာ...
ဓါတ်ပုံ - ကရင်နီ မယ်စဲ့အကျဉ်းထောင်မှ ထွက်ပြေးလာသည့် သုံ့ပန်း ၆၈ ဦး ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထိုင်းစစ်တပ်က မြန်မာထံ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား မှ လွှဲပြောင်းပေးခဲ့သည်။
January 27, 2026
ဂျူချန်း — ကရင်နီပြည် မယ်စဲ့အကျဉ်းထောင်မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသည့်...
January 26, 2026
ဇာမဏီလင်းမောင် — ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) တွင် မြန်မာအမျိုးသား...
KNA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် (ပုံဟောင်း)
January 24, 2026
စစ်ကော်မရှင် တပ်မ (၂၂) တပ်မမှူးက မြဝတီမြို့ပေါ်မှ ကရင်နယ်အမျိုးသားတပ်မတော် (KNA) တပ်များ...