ပန်ဝါတွင် KIOအုပ်ချုပ်ရေးယန္တရားစတင်

ပန်ဝါတွင် KIOအုပ်ချုပ်ရေးယန္တရားစတင်
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-ပေးပို့)

ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ရေးရုံးထံမှ သိရသည်။

ပန်ဝါမြို့ကို  KIA ပူးပေါင်းမဟာမိတ်အဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်တွင် တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ပထမလပတ်မှစတင်ကာ KIO အစိုးရ၏ ပြည်ထဲရေး(အထွေထွေအုပ်ချုပ်ရေး - Mungchying uphkang Dap) ဌာနလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်အောင် စတင်အကောင်အထည်ဖော်ခြင်းဖြစ်သည်။

မဇ္ဓျိမက ရရှိထားသည့် ရုပ်သံမှတ်တမ်းများအရ KIO အစိုးရ၏ သက်မှတ်ယူနီဖောင်းဝတ်ရဲတပ်ဖွဲ့ဝင်များက ပန်ဝါမြို့တွင်း လှည့်လည်စစ်ဆေးနေသည်ကို တွေ့ရသည်။

KIOသတင်းရင်းမြစ်က " အထက်က အုပ်ချုပ်ရေး လမ်းညွှန်အတိုင်း ကျနော်တို့ စပြီးအမှုထမ်းပါပြီ။ ကျန်တဲ့ဌာနတွေကိုလည်း တဖြည်းဖြည်း တဆင့်ပြီး တဆင့် ဖွင့်လာနိုင်အောင် လုပ်နေပါတယ်"ဟု မဇ္ဈိမ ပြောသည်။

ပန်ဝါမြို့တွင်း၌ KIO အစိုးရအုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေသော်လည်း မြစ်ကြီးနား-ပန်ဝါ လမ်းသွားလာခွင့်ကို လတ်တလောအခြေအနေအရ KIAက  ကန့်သတ်ထားဆဲဖြစ်သည်။

ပန်ဝါမြို့သည် စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် နယ်ခြားစောင့်တပ် ထိန်းချုပ်ထားသည့် ကချင်အထူးဒေသ (၁)တွင်ပါဝင်ပြီး တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားသည့် မြေရှားလုပ်ကွက်များ ရှိနေသည်။ လက်ရှိတွင် ပန်ဝါနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှပိတ်ထားပြီး မြေရှားတူးဖော်ရေးလုပ်ကွက်များလည်း ရပ်တန့်နေကြောင်း ဒေသခံအချို့က ပြောသည်။နယ်စပ်မျဉ်းတလျှောက် တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန် တရုတ်အစိုးရက KIAကို ဖိအားပေးနေသည်။ သို့သော် KIA သည် ကချင်အထူးဒေသ (၁)အတွင်းရှိ နောက်ဆုံးလက်ကျန် ကန်ပိုက်တီဗျုဟာကို ဆက်လက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...