တိုက်ပွဲ ပြင်းထန်နေတဲ့ ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ ဒေသခံတွေ သီးနှံရိတ်သိမ်းဖို့ ခက်ခဲနေ

တိုက်ပွဲ ပြင်းထန်နေတဲ့ ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ ဒေသခံတွေ သီးနှံရိတ်သိမ်းဖို့ ခက်ခဲနေ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ သီးနှံရိတ်သိမ်းဖို့ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေစိုက်ပျိုးထားတဲ့ တောင်ယာစိုက်ခင်းတွေမှာ စပါး၊ ပြောင်း စတဲ့သီးနှံကို အဓိက စိုက်ပျိုးကြတာပါ။

လက်ရှိမှာတော့ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တာကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး မရိတ်သိမ်းနိုင်ဘူးလို့ မိုင်းဖြတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

” ရိတ်ချွေစက်လည်း မရှိဘူးပေါ့နော် အဲ့ဒီဟာလည်း ခက်ခဲတယ်။ ပြီးတော့ တကယ်လို့ လူနဲ့ငှားပြီး ရိတ်မယ်ဆိုလည်း လူကမရှိ အဲ့လို အခက်အခဲတွေ အများကြီးပေါ့။ ရှိတဲ့စက်လေးတစ်စီးနဲ့ ရိတ်ကြတာပေါ့။ ရိတ်တော့သိပ်မရိတ်ရဘူး နည်းနည်းပဲ၊ ဆယ်ဧကလောက်ပဲပေါ့။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလို သီးနှံတွေရိတ်သိမ်းလို့ မရတော့တဲ့ အခြေအနေကြောင့် နောက်ပိုင်း စားနပ်ရိက္ခာအပြင် အခြားငွေရေးကြေးရေးခက်ခဲလာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

“ဒါတွေ မရိတ်သိမ်းရ မလုပ်ရမကိုင်ရရင်လည်း အဆင်မပြေဘူးပေါ့၊ စားစရာတွေက တချို့ဆို အရမ်းဒုက္ခရောက်တယ်လေ။ တချို့ဆို လယ်ခြံတွေငှားပြီးမှ ရင်းနှီးမြှုပ်နှံထားရတာ ရင်းထားတဲ့ဟာလည်းဆုံးတယ်၊ စားလည်းမစားရ။ ပြီးတော့တချို့ဆိုလည်း ပြန်ပြီး ဆပ်ရမယ့် ဟာတွေရှိတယ်ပေါ့နော်။ အဲ့ဒါတွေ ဘာနဲ့ဆပ်မလဲ နောက်စားမှာက ဘာနဲ့သွားစားမလဲ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ မိုင်းဖြတ်၊ ဆောင်လန် ၊ ဗန်းမောက် ၊ နမ့်ဖာမူ စတဲ့ ကျေးရွာတွေမှာ ရိတ်သိမ်းရမယ့် စိုက်ပျိုးမြေခန့်မှန်းခြေ ဧကပေါင်း ၁၀၀၀ နီးပါးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါဒေသဘက်ကို လာရောက်တိမ်းရှောင်တဲ့ စစ်ရှောင်တွေအပြင် ကျေးရွာဒေသခံတွေလည်း တိုက်ပွဲကြောင့် တိမ်းရှောင်နေရပါတယ်။ ထွက်ပြေးတိမ်းရှောင်စဉ်မှာ စစ်ကောင်စီက အရပ်သားအပေါ် လက်နက်ကြီးတွေ အပြင် ဒရုန်းပစ်ခတ်မှုရှိနေတယ်လို့လည်း သိရပါတယ်။ တစ်ဖက်မှာလည်း ရိတ်သိမ်းရမယ့်သီးနှံကို ချန်ထားရသလို တောင်ယာစိုက်ခင်းတွေမှာ လက်နက်ကြီးကျရောက်မှုလည်း ရှိနေတာကြောင့် ရိတ်သိမ်းဖို့ ခက်ခဲနေကြပါတယ်။

Most read this week

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
Photo credit - Bangkok Post
December 2, 2025
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃...
December 1, 2025
နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊...