နိုင်ငံအတွင်း နှစ်ရှည်ကြာ ရွှေ့ပြောင်းနေထိုင်သူ ၅ သိန်းခန့်ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပေးမည်

နိုင်ငံအတွင်း နှစ်ရှည်ကြာ ရွှေ့ပြောင်းနေထိုင်သူ ၅ သိန်းခန့်ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပေးမည်

ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ ပြောင်း ရွှေ့နေထိုင်သူ ၅ သိန်းခန့်ကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ပြုမည်ဟု ထိုင်းအစိုးရက အောက်တိုဘာလ ၂၉ ရက်နေ့က အတည်ပြုလိုက်သည်ဟု ထိုင်းသတင်းဌာနများက သတင်းထုတ်လွှင့် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသားဖြစ်ခွင့်ပြုမည့်သူများကို အုပ်စုလေးခုခွဲထားပြီး ၁၉၈၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်ကြား ရွှေ့ပြောင်းနေထိုင်သူများ၊ ၂၀၀၅ ခုနှစ် မှ ၂၀၁၁ ခုနှစ်ကြား ရွှေ့ပြောင်းနေထိုင်သူများနှင့် ထိုင်းနိုင်ငံထဲ၌ မွေးဖွားသည့် တိုင်းရင်းသားလူမျိုးများ၏ ကလေးငယ်များနှင့် အထောက်အထားမဲ့မိဘမှ မွေးထားသည့် ကလေးများပါဝင်ကြောင်း သိရသည်။

ယခုလို နိုင်ငံသားဖြစ်ခွင့် ပေးမည့်အပေါ် ထိုင်းအစိုးရက ဆွေးနွေးဆုံးဖြတ်ထားချက်သာရှိသေးပြီး လုပ်ငန်းစဉ် အဆင့်ဆင့် ဆက်သွားရဦးမည်ဖြစ်ပြီး နှစ်ပေါင်းကြာရှည် နေထိုင်ကြောင်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိ သူထံတွင် အထောက်အထားအပြည့်အစုံ ရှိထားသူများသာဖြစ်သည်ဟု  ထိုင်းနိုင်ငံအတွင်း ကရင်အရေးလုပ်ဆောင်ပေးနေသူလည်းဖြစ်၊ ထိုင်းနိုင်ငံလွှတ်တော်အမတ်ဟောင်း တစ်ဦးဖြစ်သူ စောထီ့ဝါးက ယခုလို ပြောသည်။

၎င်းက “သိရသလောက်တော့ အစိုးရက သူတို့ စီစဉ်ထားတုန်းပဲရှိသေးတယ်။ ပြီးရင်တော့ တစ်နိုင်ငံ လုံးဌာနတွေကို စာတွေပို့ရမယ်။ တချို့ကတော့ မိဘတွေက နှစ်ပေါင်း ၁၀၊ ၂၀ ကျော်ကြာနေထိုင်တယ်။ အိမ်တွေ၊ ယာတွေရှိတယ်။ သားသမီးတွေက ဒီမှာပဲမွေးပေမယ့်လည်း သူတို့မှာ နိုင်ငံသားမဖြစ်လာဘူး။ ဆိုတော့ အဲလိုတွေကို လုပ်ပေးဖို့ရှိတယ်။ တချို့က နေထိုင်တာကြာ ပေမယ့်လည်း ဥပဒေဘောင်ထဲ မဝင်ဘူးဆိုတော့ ဥပဒေဘောင်ထဲ ဝင်အောင် အစိုးရက စီစဉ်ပေးမယ့် သဘောဖြစ်တယ်”ဟု ထိုင်းလွှတ် တော်အမတ်ဟောင်း စောထီ့ဝါးက ကေအိုင်စီသို့ အောက်တိုဘာ ၃၁ ရက်နေ့တွင် ပြောသည်။

ယခုလို ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေးမည့် လူ ၅ သိန်းဝန်းကျင်တွင် မြန်မာနိုင်ငံမှ လာသည့် ရွှေ့ပြောင်းသူ များအပါအဝင် လာအို၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများမှ နှစ်ပေါင်းကြာ ရွှေ့ပြောင်းနေထိုင်သူများလည်း ပါဝင်သည်ဟု သိရသည်။

နယ်စပ် တောင်ပေါ်ဒေသများတွင် ကရင်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်းရှည်ကြာ နေထိုင်သည့် တိုင်းရင်သားလူမျိုးများကို ထိုင်းအစိုးရက ၁၀ နှစ်နေထိုင်ခွင့် တောင်ပေါ်သားကဒ် (၀-၈၉) ကို ထုတ်ပေးလေ့ရှိပြီး အဆိုပါ ကဒ်ရှိသောသူများ၏ မွေးသည့်သားသမီးများသည် ကျောင်းပြီး ဘွဲ့ရသည့်အချိန်တွင် အစိုးရက နိုင်ငံသား ဖြစ်ခွင့်ပေးမည်ဖြစ်သည်ဟု စောထီ့ဝါးက ဖြည့်စွက်ပြောသည်။

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက ထိုင်းနိုင်ငံအတွင်း နှစ်ပေါင်းကြာ နေထိုင်သူ စုစုပေါင်း ၄၈၃,၆၂၆ ဦးကို နိုင်ငံသားအဖြစ်ပေးအပ်ရန် အစိုးရအဖွဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...