ဒီးမော့ဆိုမြို့နယ်အ‌နောက်ဘက်ခြမ်းမှာ စားသုံးကုန်ပြတ်လပ်၊ ကြက်ဥရှာဝယ်လို့မရ

ဒီးမော့ဆိုမြို့နယ်အ‌နောက်ဘက်ခြမ်းမှာ စားသုံးကုန်ပြတ်လပ်၊ ကြက်ဥရှာဝယ်လို့မရ

- ဒီးမော့ဆိုမြို့နယ်အ‌နောက်ဘက်ခြမ်းမှာ လမ်းပိတ်ဆို့မှု၊ လမ်းတံတားပျက်စီးမှုကြောင့် စားသုံးကုန်ပြတ်လပ်လာပြီး ကြက်ဥရှာဝယ်လို့မရတော့တဲ့အခြေအနေရောက်ရှိနေပါတယ်။

- ဝက်နာကျတာ‌ကြောင့် ဒီးမော့ဆိုမြို့နယ်နဲ့ဖရူဆိုမြို့နယ်က ဝက်မွေးမြူနေတဲ့ပြည်သူတွေရဲ့  တစ်နိုင်တစ်ပိုင် စီးပွားရေးကို ထိခိုက်လာပြီး ဆေးဝါးကုသရေးအတွက် အကူအညီရရှိဖို့ မျှော်လင့်နေကြပါတယ်။

- ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း လအိကျေးရွာက ဘန်ကောက်စစ်ရှောင်စခန်းဟာ  စက်တင်ဘာလဆန်းပိုင်းက လေကြောင်းတိုက်ခိုက်မှုခံရပြီး ပြည်သူ ၉ ဦးသေဆုံးခဲ့ကာ ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ပေမဲ့ စခန်းမှာနေထိုင်သူတွေကတော့ မမေ့ပျောက်နိုင်ကြသေးပါဘူး။ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် စစ်ဘေးရှောင်တွေအနေနဲ့ ဘာတွေကိုတောင်းဆိုနေကြပါသလဲ။

Most read this week

January 29, 2026
- ကရင်နီပြည် ဆိုမိုဖေစိုး‌လေးမြို့နယ်မှာ အရေပြားရောဂါ အဖြစ်များနေပြီး ကုသဖို့...
January 28, 2026
- စစ်ကော်မရှင်ဟာ စစ်ရှောင်စခန်းနဲ့ ပြည်သူလူထုတွေ သီးသန့်ရှိတဲ့နေရာတွေကို သိလျက်နဲ့...
January 28, 2026
- ဘုရားသုံးဆူ နယ်မြေထဲမှာ ကျားဖြန့်အဆောက်အဦတွေ ထွက်ပေါ်လာတယ်ဆိုတဲ့ သတင်းအပေါ် အဲဒီဒေသကို...
January 27, 2026
- ကျောက်ဖြူမှာ စစ်ကော်မရှင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမြင့်တက်လာနေပါတယ်။ -...