မူတြော်တွင် သုံးနာရီကြာ တိုက်ပွဲအတွင်း တပ်ရင်းမှူးအပါ ၃၀ ဦးသေဆုံးသွား

မူတြော်တွင် သုံးနာရီကြာ တိုက်ပွဲအတွင်း တပ်ရင်းမှူးအပါ ၃၀ ဦးသေဆုံးသွား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်က KNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ၃ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ တပ်ခွဲမှူးအပါအဝင် တပ်သား ၃၀ ဦး သေဆုံးသွားသည်ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်မှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းချိန်းပြီး ပြန်လာသည့်အချိန်တွင် တပ်မဟာ-၅ ရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ခွဲ- ၁ က ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရာ သုံးနာရီခန့်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

“စက်တင်ဘာ ၃၀ မနက် ၆ ခွဲကနေ မနက် ၉နာရီ အထိ စကစတွေ ကင်းချိန်းပြီး ပြန်လာချိန် တိုက်ပွဲဖြစ်တယ်။ မိုင်းဆွဲတယ်။ ပစ်လည်းပစ်တယ်။ အဲ့ဒီမှာစကစဘက်က တပ်ရင်းမှူး တစ်ဦး တပ်ခွဲမှူးနှစ်ဦး သေသွားတယ်။ ထိခိုက် ဒဏ်ရာရတဲ့အရေအတွက်ကိုတော့ မသိရှိရသေးဘူး။ သေဆုံးတဲ့တပ်ရင်းမှူးနဲ့ သူ့မိခင်တပ်ရင်းတွေကို မသိရသေးဘူး။ ဖြစ်နိုင်တာကတော့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကလူတွေ ဖြစ်တယ်” ဟု တပ်မဟာ ၅ (မူတြော်ခရိုင်) ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များထံမှ လက်နက်ကြီး လက်နက်ငယ် စုစုပေါင်း ၃၅ လက်နှင့် ဆက်သွယ်ရေးစက်ကြီးတစ်လုံး သိမ်းဆည်းရမိခဲ့သည်ဟုလည်း မူတြော်ခရိုင် တာဝန်ရှိသူက ဖြည့်စွက်ပြောသည်။

ထို့အပြင် ကေအဲန်ယူ၊ တပ်မဟာ-၅ နယ်မြေ/မူတြော်ခရိုင်တွင် စက်တင်ဘာလအတွင်း ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား တိုက်ပွဲပေါင်း ၁၄၄ ကြိမ်အထိ ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီဘက်မှ ၇၄ ဦး သေဆုံးကာ ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု မူတြော်ခရိုင်က သတင်း ထုတ်ပြန်ထားသည်။

မူတြော်ခရိုင်အတွင်း စစ်ကောင်စီက ရိက္ခာသယ်ယူနိုင်ရန်လေကြောင်းကို အဓိက အားထားအသုံးပြုနေရပြီး လေကြောင်း တိုက်ခိုက်မှုများကိုလည်း မကြာခဏ လုပ်ဆောင်နေသည့်အပြင် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်မှုများကြောင့် တစ်လအတွင်း တပ်မဟာ - ၅ တွင် ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...