ရေဘေးသင့်တဲ့ စစ်ဘေးရှောင်တွေ ဖျားနာမှု၊ ယားနာမှုအဖြစ်များ

ရေဘေးသင့်တဲ့ စစ်ဘေးရှောင်တွေ ဖျားနာမှု၊ ယားနာမှုအဖြစ်များ

စက်တင်ဘာလ ဒုတိယပတ်ကစပြီး ရေဘေးသင့်မှု ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နောက်ဆက်တွဲအနေနဲ့ ဖျားနာတာ ၊ အရေပြားယားနာထွက်တာတွေ အဖြစ်များနေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

လွိုင်ကော် – ဒီးမော့ဆိုမြို့နယ် နယ်စပ်က ရေဘေးသင့် ကျေးရွာ ၅ရွာက ဒေသခံတွေအပါအဝင် စစ်ဘေးရှောင်တွေဟာ ယားနာဖြစ်ပွားနေတာကြောင့် ဆေးဝါးကုသမှုလိုအပ်နေကြတယ်လို့ ကျန်းမာရေးပိုင်းဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ရေကြီးပြီးတဲ့နောက်မှာက အမြဲလိုလို ရေထိကြတာလည်းပါမှာပေါ့။ အထူးသဖြင့် ရေက မသန့်တဲ့ရေလည်း ပိုဖြစ်နိုင်တယ်။ အဲ့ဒါ ကလေးအစ လူကြီးအဆုံး ဖျားတာ ယားနာထွက်တာတွေ ဖြစ်ကြတယ်။ အစားအသောက် လာကူကြတာရှိပေမဲ့ ကျန်းမာရေးကုသမှုတွေက မလာကြသေးဘူးပေ့ါနော်။ ကျမက သွားကြည့်ပေးနိုင်တယ်။ ခက်တာ လက်ထဲ ဆေးတွေ ဆေးဖိုးတွေ မရှိပြန်တော့ အဆင်အပြေဘူး” လို့ သူက ပြောပါတယ်။

အဆိုပါ ကျေးရွာ ၅ရွာဟာ ဘုရားနီ ၊ ဘုရားဖြူ ၊ ကယားညေးခူ၊ ဒေါပေါ်ကလဲ နဲ့ ဆော်ခီးဒေါ စတဲ့ ကျေးရွာ တွေဖြစ်ပြီး နေအိမ်တွေ ရေနစ်မြုပ်ကုန်တာကြောင့် စက်တင်ဘာလ ဒုတိယပတ်ကစပြီး ရေဘေးလွတ်တဲ့ ကျေးရွာတွေမှာ ရွှေ့ပြောင်းနေကြရတာပါ။

ဖျားနာ ၊ ယားနာမှုကို ခံစားရတာ နှစ်ပတ်ကျော်ကြာမြှင့်နေပြီဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ တောင်းဆိုထားကြတယ်လို့ ဆိုပါတယ်။

လိုအပ်တဲ့ ဆေးဖိုးဝါးခအတွက်လည်း ပါဝင်ကူညီပေးကြဖို့ အဆိုပါ ကျန်းမာရေးပိုင်းဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကျေးရွာ ၅ ရွာမှာ ရေဘေးသင့် ဒေသခံအပါအဝင် စစ်ဘေးရှောင် ၁ထောင် ကျော်ရှိပြီး ဖျားနာ၊ ယားနာမှုတွေဖြစ်ကြတဲ့ စစ်ရှောင်တွေ များပြားနေတယ်လို့ ဆိုပါတယ်။

လက်လှမ်းမီတဲ့ ကျေးရွာတွေထဲ နိုးကိုး ၊ ဆော်ခီးဒေါ ၊ စိုက်ကွင်း ကျေးရွာဖက်မှာလည်း ဖျားနာမှု ၊ ယားနာမှု ပိုမိုပြီး စာရင်းကောက်ယူမှုအရ ၅၆၅ ဦးရှိတယ်လို့ သိရပါတယ်။

June 27, 2026
လက်ရှိ မြန်မာနိုင်ငံအတွင်းက နေရာဒေသအများစုမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
June 26, 2026
ဒေသခံတွေ စိုက်ပျိုးရေးပြုလုပ်နေကြတဲ့ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို...
June 25, 2026
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က ကရင်နီစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့...
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတနေရာက အမျိုးသမီးတဦးကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်) )
June 24, 2026
ပဋိပက္ခအကျိုးဆက်ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီး (၄၂) ရာခိုင်နှုန်းမှာ ဝင်ငွေ လုံးဝမရှိကြဘဲ၊...