၁၀ ဦး ထွက်ပြေး၍ ဇူလှိုင် ၂၂ ရက်နေ့တွင် ဘင်္ဂလီ လှေစီး ၁၅၅ ဦးသာ လွဲနိုင်မည်

၁၀ ဦး ထွက်ပြေး၍ ဇူလှိုင် ၂၂ ရက်နေ့တွင် ဘင်္ဂလီ လှေစီး ၁၅၅ ဦးသာ လွဲနိုင်မည်
by -
နိရဥ္စရာ
တောင်ပြိုမြို့နယ်ခွဲ ကယ်ဆယ်ရေးစခန်းတွင် ထိန်းသိမ်းထားသော လှေစီး ဘင်္ဂလီ ၅၀၀ ကျော်အထဲ မှ ထွက်ပြေးသူ အချို့ရှိနေသဖြင့် တတိယအကြိမ် ဘင်္ဂလားဒေ့ရှ်သို့ လွဲပြောင်းမှုတွင် ၁၅၅ ဦးကိုသာ လွဲပြောင်းနိုင်မည်ဟု မောင်တောခရို လဝက ဒုညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောသည်။

“လွဲမယ့် စာရင်းထဲမှာ ၁၆၅ ဦး ပါတယ်။ ဒါပေမယ့် ၁၀ ဦးက ထွက်ပြေးသွားတဲ့အတွက် ၁၅၅ ဦးကိုပဲ လွဲပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလ ၂၂ ရက်နေ့မှာ ဘင်္ဂလာဒေ့ရှ်ဘက်ကို လွဲပြောင်းပေးဖို့ စီစဉ်ထားပါ တယ်”ဟု သူက ပြောသည်။

တောင်ပြို ကယ်ဆယ်ရေးစခန်းမှ ထွက်ပြေးသွားသူ အရေအတွက်မှာ ၁၅ ဦးရှိကြောင်း၊ ထွက်ပြေးသူ များအထဲမှ ၁၀ ဦးမှာ တတိယ အသုတ် လွဲပြောင်းပေမည့် ၁၆၅ ဦး အမည်စာရင်းထဲတွင် ပါ၀င်နေ ကြောင်း၊ သူတို့ ထွက်ပြေးသွားကြောင်းကို သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးနှင့် တစ်ဘက်နိုင်ငံ BGB သို့ ထွက်ပြေးစဉ်ကတည်းက အကြောင်းကြားထားကြောင်း၊ သို့အတွက် ၁၀ ဦး လျော့နေသော်လည်း ပြဿနာ ပေါ်စရာအကြောင်း မရှိကြောင်း ဦးစောနိုင်က ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အနောက်တောင်ဘက် ၄ မိုင်အကွာ သင်္ဘောကွေ့ကျေးရွာအနီး ပင်လယ်ပြင်မှ ဘင်္ဂလီ လှေစီး ၂၀၈ ဦးအား ၂၀၁၅ခုနှစ်၊ မေလ ၂၁ ရက်နေ့က ငါးဖမ်းဘုတ်တစ်စီးနှင့် အတူ ဖမ်းမိခဲ့ကြောင်း၊ နောက်ထပ် လူကုန်ကူးသူများဟု ယူဆရသူ ၉ ဦးကိုလည်း တခြားစက်လှေ တစ်စီးနှင့်အတူ ယင်းနေ့တွင် ဖမ်းမိခဲ့ကြောင်း၊  အလားတူ မေလ ၂၉ ရက်နေ့ကလည်း ဧရာဝတီတိုင်း ဖျာပုံကမ်းလွန်တွင် လှေစီး ဘင်္ဂလီ ရ၂၇ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖမ်းမိသူများအားလုံးကို တောင်ပြိုကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်ပြီး ယင်းအထဲမှ ၁၅၀ ဦးကို ဇွန်လ ၈ ရက်နေ့ ဘင်္ဂလာဒေ့ရှ်သို့ လွဲပြောင်းခဲ့သည်။ နောက်ထပ် ၃၇ ဦးကိုလည်း ဇွန်လ ၁၇ ရက်နေ့က လွဲပြောင်းပေးခဲ့သည်။ ယင်းအထဲတွင် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ ဘင်္ဂလီ ၂၀၀ ဦးပါနေသည်ကို တွေ့ရှိရသည်ဟုဆိုကာ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များသို့ သက်ဆိုင်ရာမှ ပြန်လည်ပို့ဆောင်ခဲ့သည်။

လက်ရှိအချိန်ထိ ကယ်ဆယ်ရေးစခန်းတွင် ဘင်္ဂလီလူမျိုး ၅၀၀ ကျော် ကျန်ရှိနေသေးပြီး လာမည့် ဇူလှိုင်လ ၂၂ ရက်နေ့တွင် တတိယအကြိမ်အဖြစ် ၁၅၅ ဦးကို ထပ်မံလွဲပြောင်းသွားမည် ဖြစ်သည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...