သဘောတူညီမှုအချို့ရပြီးနောက် အာသံထောင်တွင်း ဆန္ဒပြမှု ယာယီရပ်ဆိုင်း

သဘောတူညီမှုအချို့ရပြီးနောက် အာသံထောင်တွင်း ဆန္ဒပြမှု ယာယီရပ်ဆိုင်း

ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊ အာသံထောင်တွင်း မြန်မာအကျဉ်းသားက ၎င်းတို့၏ အစာငတ်ခံဆန္ဒပြမှုကို ယာယီ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့အစည်းထံမှ သိရသည်။

ထောင်တွင်းသို့ UN ကိုယ်စားလှယ်များ လာရောက်မည့် ခရီးစဥ်ကို စောင့်ဆိုင်းရန်ဆိုသည့် သဘောတူညီမှု ရရှိပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းမှ စတင်ကာ ဆန္ဒပြမှုကို ခေတ္တရပ်နားလိုက်ခြင်းဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က မဇ္ဈိမကို ပြောသည်။

“ဟုတ်တယ် ၊ မနေ့ညနေပိုင်းကနေစပြီး ဆန္ဒပြတာ စနားပြီ ၊ ယာယီပဲ၊ UNHCR လည်းမလာ ၊ အိန္ဒိယအစိုးရကလည်း သူတို့တောင်းဆိုချက်ကို ဖော်ဆောင်မပေးရင် ဆန္ဒပြန်ပြကြမှာ” ဟု ဆလိုင်းဒိုခါရ်က မဇ္ဈိမကို ပြောသည်။

ကုလသမဂ္ဂအေဂျင်စီနှင့် နယူးဒေလီအခြေစိုက် ဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီး (UNHCR) ကိုယ်စားလှယ်အဖွဲ့များ အကျဥ်းထောင်အတွင်း လာရောက်မည့် အစီအစဥ်ရှိကြောင်းသိရပြီး မလာရောက်ပါက ဆက်လက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆလိုင်းဒိုခါရ်က ဆက်ပြောသည်။

အာသံပြည်နယ်၊ ဂိုးလ်ပါရာမြို့နယ်ရှိ မာတီရာ ထိန်းသိမ်းရေးအကျဉ်းစခန်းက မြန်မာအကျဉ်းသားများကို ထောင်အာဏာပိုင်များက လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ပေးသဖြင့် မြန်မာအကျဉ်းသား ၁၄၀ ကျော်က စက်တင်ဘာလ ၉ ရက်နေ့တွင် အစာငတ်ခံ ဆန္ဒပြမှု စတင်ခဲ့သည်။

ရိုဟင်ဂျာ ၁၁၀ ဦးနှင့် ချင်းလူမျိုး ၃၂ ဦးတို့သည် အစာငတ်ခံဆန္ဒပြမှုကို ရှစ်ရက်မြောက် ဆင်နွှဲပြီးနောက် သဘောတူညီတချို့ရရှိ၍ ယခုလို ယာယီရပ်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။

အစာငတ်ခံဆန္ဒပြနေသူများသည် အားအင်ကုန်ခမ်းလာခြင်း၊ ဗိုက်နာခြင်း၊ ခေါင်းမူး ခြင်းဝေဒနာများခံစားလာနေရကြောင်း စက်တင်ဘာ ၁၃ ရက်နေ့တွင် India for Myanmar က ထုတ်ပြန်ခဲ့သည်။

၎င်းတို့ကို ထောင်အာဏာပိုင်များက မည်ကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားသည်ကို မသိရပေ။

ထိန်းသိမ်းခံနေရသူများအနက် ရိုဟင်ဂျာများမှာ ၂၀၁၇ ခုနှစ်ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်ကြောင့် အိန္ဒိယနိုင်ငံ၌ ဝင်ရောက်လာသူများဖြစ်ပြီး ထောင်ခုနစ်နှစ်မှ ၁၀ နှစ်အထိ အကျဥ်းကျခံထားရသူများဖြစ်ကြောင်း သိရသည်။

ချင်းလူမျိုးများမှာ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် နယူးဒေလီ ရှိ UNHCR ရုံးတွင် ခိုလှုံခွင့်တောင်းခံရန် နယ်စပ်မှ အလာလမ်း အာသံပြည်နယ်တွင် အဖမ်းခံခဲ့ရသူများ ဖြစ်သည်။

၎င်းတို့ လွတ်မြောက်ရေးအတွက် အိန္ဒိယအစိုးရက နားလည်မှုဖြင့် မြန်မာစစ်အစိုးရထံ မအပ်နှံဘဲ UNHCR နှင့် ညှိနှိုင်းကာ အိန္ဒိယနိုင် (သို့မဟုတ်) တတိယနိုင်ငံ တခုခုတွင် ခိုလှုံခွင့်ရရန်ဆောင်ရွက်ပေးသင့်ကြောင့် ဆလိုင်းဒိုခါရ် က အကြံပြု ပြောဆိုသည်။

Most read this week

January 31, 2026
Powerful explosions from 500-pound bombs dropped by Myanmar military jet fighters shook the Thai...
ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် တီးတိန်နှင့် ဟားခါးမြို့မှ အပ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နယ်ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်း တိုးမြှင့် လိုက်ခြင်းသည် ၎င်းတို့၏ အုပ်ချုပ်ရေးပြိုလဲနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီအထွေထွေအတွင်း ရေးမှူးကပြောဆိုသည်။(Chinland Information Center)
January 31, 2026
ပါခွီး — ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားပြိုလဲနေခြင်းကြောင့်...
January 30, 2026
မြို့နယ် ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားမှု သက်တမ်းထပ်တိုးပြီး ယာယီသမ္မတဟုဆိုသည့်...
ဓာတ်ပုံ- လွှတ်တော်တက်လာသည့် တပ်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တွေ့ရစဉ် ။ (ROMEO GACAD / AFP)
January 29, 2026
ဂျူချန်း — စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု...