အင်းလေးဒေသတွင် ကျေးရွာ ၁၇၀ ကျော် ရေဘေးသင့်ပြီး အကူအညီများလိုအပ်လျက်ရှိ

အင်းလေးဒေသတွင် ကျေးရွာ ၁၇၀ ကျော် ရေဘေးသင့်ပြီး အကူအညီများလိုအပ်လျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် မိုးရွာသွန်းမှုများပြီး အင်းလေးကန်အတွင်း ရေစီးဝင်မှု များသောကြောင့် အင်းရေနှင့်ထိစပ်နေသည့် ကျေးရွာများအားလုံး ရေဘေးသင့်နေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

“လက်ရှိကတော့ အိမ်တော်တော်များများ ရေမြုပ်နေပါတယ်။ ရွာပေါင်း ၄၄၆ ရွာရှိတဲ့ထဲ ကုန်းပေါ်ကရွာတွေကလွဲ ရင် အင်းရေနဲ့ဆက်စပ်နေတဲ့ရွာတွေအကုန်ရေဘေးသင့်နေပါတယ်။ အင်းတောင်ပိုင်းမှာဆိုရင် အိမ်ခေါင်မိုးလောက် ပဲပေါ်တော့တာ။ အကုန်လုံးက ဘေးလွတ်ရာဘုန်းကြီးကျောင်းတို့ နီးစပ်ရာကုန်းပေါ်ကရွာတွေကို ရွှေ့ပြောင်းနေရ တယ်ဗျ” ဟု အင်းလေးရေဘေးကယ်ဆယ်ရေးလုပ်နေသူတဦးက ပြောသည်။

“တထပ်အိမ်တွေအကုန်ရေမြုပ်နေပြီ၊ နှစ်ထပ်အိမ်တွေဆိုလည်း အောက်ထပ်မြုပ်တယ်။ ဘုန်းကြီးကျောင်းတွေဆို လည်း အောက်တထပ်လုံးမြုပ်နေပြီ။ အပေါ်ထပ်မှာပဲ စုပြုံနေ နေကြရတာ” ဟု အင်းသူတဦးက ပြောသည်။

အင်းလေးဒေသရှိ ကျေးရွာပေါင်း ၄၀၀ ကျော်အနက် အင်းရေနှင့် ထိစပ်နေသည့် ကျေးရွာ ၁၇၀ ကျော် ရေဘေးဒဏ် ခံနေရခြင်းဖြစ်သည်။ သြဂုတ်လကုန်ပိုင်းမှစ၍ နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုများရာမှ အင်းလေးကန်အတွင်းစီးဝင် သည့် ချောင်းများမှတဆင့် ရေများလာကာ ကန်ရေတိုးလာပြီး စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ ယနေ့အထိ ရေ ကြီးရေလျှံမှုဖြစ်ပေါ်ခြင်းဖြစ်သည်။

“အဓိကတော့ မုန်တိုင်းနဲ့ဆက်စပ်ပြီး မိုးရွာသွန်းမှုဖြစ်လို့ နီးစပ်ရာ အင်းလေးကန်ထဲစီးဝင်တဲ့ချောင်းတွေကနေ ရေ ဝင်လာတာပေါ့ဗျာ။ ကလောတို့ အောင်ပန်းတို့ဘက်မှာ ရေကြီးရင်လည်း အင်းထဲရောက်တာပဲ။ တောင်ကြီးဘက်က ကြေးစည်ကန်တို့ ကုန်းလှိုင်ကန်တို့လည်း ရေကြီးနေတယ်လို့ သိရတယ်ဗျ”ဟု အင်းလေးရေဘေးကယ်ဆယ်ရေး လုပ်နေသူတဦးက ပြောသည်။

လက်ရှိတွင် ရေကြီးနေသည့်ကျေးရွာများမှဒေသခံများကို ညောင်ရွှေမြို့ပေါ်နှင့်ကုန်းပိုင်းရွာများရှိ ဘုန်းကြီးကျောင်း များသို့ ပြောင်းရွှေ့ပေးထားပြီး အစားအသောက်နှင့် သောက်သုံးရေများလိုအပ်နေကြောင်း အကူအညီပေးနေသူက ပြောသည်။

ထို့ပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေသဖြင့် အဆက်အသွယ်ပြုလုပ်ရသည်မှာ ခက်ခဲနေ ကြောင်းလည်း သိရသည်။

ကယ်ဆယ်ရေးပြုလုပ်နေသူတဦး၏ ပြောကြားချက်အရ စက်တင်ဘာလ ၁၃ ရက်နေ့တွင် အင်းလေးကန်အတွင်း လူ ၁၀ ဦးမျောပါခဲ့ပြီး နှစ်ဦးသာ အသက်ရှင်လျက်ပြန်တွေ့ကြောင်းနှင့် ကျန်ရှစ်ဦးအနက် နှစ်ဦးသာအလောင်းပြန် တွေ့ပြီးခြောက်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အင်းလေးကန်အနောက်ဘက်ခြမ်းမှ ရွှေအင်းတိန်ဘုရားရှိရာဘက်တွင်လည်း ရေစီးဖြင့်မျောပါပြီး လူလေးဦးခန့် သေဆုံးခဲ့ကြောင်း အင်းသားတဦး၏ ပြောကြားချက်အရသိရသည်ဟု ရေဘေးသင့်ပြည်သူများကို အကူအညီပေး နေသူတဦးက ပြောသည်။

အင်းလေးကန်အတွင်း ရေစီးဝင်ရာအပေါက် ၁၉ ပေါက်ရှိပြီး ရေပြန်ထွက်ရာအပေါက်သည် မိုးဗြဲရေကာတာတခု သာရှိသဖြင့် ရေပြန်ကျရန် အချိန်လနှင်ချီစောင့်ရသည်ဟုလည်း ရေဘေးသင့်ပြည်သူများကို အကူအညီပေးနေသူ များ၏ ပြောကြားချက်အရ သိရသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...