စစ်ကိုင်းတိုင်းမှ စစ်ရှောင်များ ရာသီတုတ်ကွေး ဖြစ်၊ အကူအညီလိုအပ်

စစ်ကိုင်းတိုင်းမှ စစ်ရှောင်များ ရာသီတုတ်ကွေး ဖြစ်၊ အကူအညီလိုအပ်

စစ်ကိုင်းတိုင်း၊ ကျွန်းလှနှင့် ကန့်ဘလူက စစ်ရှောင်ပြည်သူများ ရာသီတုတ်ကွေးများ ဖြစ်နေကြပြီး ဆေးဝါး အကူအညီ လိုအပ်နေကြသည်။

ကျွန်းလှ နှင့် ကန့်ဘလူဒေသရှိ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်နေသော ဆေးဝါးများနှင့် ဆေးကုသမှု ပေးနေရသည့် အခြေအနေများကို ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့မှ တာဝန်ရှိသူက ယခုကဲ့သို့ ပြောသည်။

“မိုးတွင်းကာလ ဆိုတော့ နှာစီးချောင်းဆိုး တုပ်ကွေး ဖြစ်ကြပါတယ်။ ကူးတာများတော့ အကုန်လိုလို ဖြစ်ကြပါ တယ်။ ရာသီတုတ်ကွေးဆိုတော့ ဆေးပတ်လည်ရင် သက်သာပါတယ်။ ဒါပေမယ့် စစ်ရှောင်တွေဆိုတော့ အခမဲ့ ကုသပေးနိုင်လေ အဆင်ပြေလေးပေါ့။ ဘယ်လောက်ထိ ဖျားတယ်ဆိုတာ မဟုတ်ပဲ ဒါကရာသီချိန်ဆိုတော့ ဖြစ် တဲ့ကာလပါ” ဟု ပြောသည်။

တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ အပြင် စစ်ကောင်စီတပ်၏ လမ်းပိတ်ဆို့ မှုများကြောင့် ရိက္ခာနှင့် ဆေးဝါးများမှာ သုံးဆခန့် ဈေးတက်နေပြီး ဝယ်ယူရန်လည်း ခက်ခဲနေသည်ဟု ဆက် ပြောသည်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့မှ တာဝန်ရှိသူက “ဆေးဝါးတွေက ဈေးအရမ်းကြီးတယ်ဗျ။ အရင်ကဆို အကြွေးရတော့ အဆင်ပြေတယ်။ အခုက လက်ငင်းပေး ဝယ်ရတော့ လဆိုင်းပေးကြတော့ အရမ်း ခက်ခဲတယ်၊ ဈေးတက်တာက သုံးဆလောက်တက်တယ်။ ကျနော်တို့လည်း ဆေးဝါးဝယ်ယူဖို့ ငွေကြေး ခက်ခဲ တာကြောင့် စစ်ဘေးရှောင်တွေကို ဆေးကုသတာတွေ လုပ်ဖို့ နှောင့်နှေးနေပါတယ်။ ကုသပေးနိုင်ဖို့လည်း ကြိုး စားနေပါတယ်” ဟု ပြောသည်။

၎င်းဒေသတွင် ပါရာစီတမော တစ်ဗူး ၅၀,၀၀၀ ကျပ်၊ အမောက်စလင် ၁၀ ကဒ် ၂၅,၀၀၀ ကျပ် ထိပေးဝယ်နေရ သည်ဟု စစ်ရှောင်များနှင့် အကူအညီပေးနေသူများက ပြောသည်။

ကျွန်းလှ-ကန့်ဘလူရှိ စစ်ဘေးရှောင် ပြည်သူများအတွက် ဆေးဝါးအပြင် အခြေခံ စားသောက်ကုန်များ၊ အမိုး အကာများ နှင့် အဝတ်ထည်များလည်း လိုအပ်နေသည်ဟု ကျွန်းလှဒေသခံ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“မိုးတွင်းကာလဆိုတော့ စစ်ရှောင်တွေမှာ အခြေခံစားသောက်ကုန်တို့ အမိုးအကာတို့တော့ လိုအပ်တာပေါ့။ ကိုး တောင်ဘို့ တိုက်နယ်ဆို နှစ် နှစ်ကျော်သွားပြီးပေါ့။ စစ်ဘေးရှောင်တာ တချို့တွေတော့ တောတိုက်တွေနဲ့ အထိုင် ကျပေမယ့် တခြားတိုက်နယ်မှာတော့ ဒီတိုင်းပဲ ဖြစ်သလို ရှောင်နေကြရတာ ရှိတယ်။ ဒီတိုင်း အမိုးအကာနဲ့ နေကြရတာ ရှိတော့ ဒီအချိန်မှာတော့ အမိုးအကာတော့ လိုအပ်တာပေါ့။ အဓိကတော့ အခြေခံ စားသောက်ကုန် ဆေးဝါး အဝတ်အထည်ပေါ့” ဟု ပြောသည်။

ကျွန်းလှ၊ ကန့်ဘလူဒေသတွင်းရှိ စစ်ဘေးရှောင်နေသူနှင့် စစ်မှုထမ်း ဥပဒေကြောင့် ရှောင်နေရသူများမှာ အယောက် ၁၀,၀၀၀ ကျော်ခန့် ရှိနေပြီး ကျောက်အိုင်၊ တပေါင်၊ ငှက်ပျောတော၊ ငါးဘတ်အိုင်၊ သံဘို၊ ဘိုကုန်းရွာ၊ စံပြ၊ ကျီကုန်း၊ ရွာသီ၊ ဇီးတောနှင့် ချောင်းကွေ့ကျေးရွာများမှ ရွာသားများ ဖြစ်ကြသည်။

ဇူလိုင်လတွင်လည်း ကန့်ဘလူမြို့နယ်ရှိ သရက်ခေါင်းနှင့် သပြေသာတို့ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ သုံးဦး သေဆုံးခဲ့ပြီး လူနေအိမ် ၇၂ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသေးသည်။

August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...
August 29, 2026
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...