ကြာအင်းဆိပ်ကြီးရှိ အနန်းကွင်းဗျူဟာအနီး စစ်ရေးတင်းမာ

ကြာအင်းဆိပ်ကြီးရှိ အနန်းကွင်းဗျူဟာအနီး စစ်ရေးတင်းမာ

သံဖြူဇရပ်- ဘုရားသုံးဆူ ကားလမ်းဘေးရှိ စစ်ကောင်စီ၏ အနန်းကွင်း ဗျူဟာစခန်းအနီး စစ်ရေးတင်းမာလျက်ရှိကြောင်း တိုက်ပွဲအတွင်း ပါဝင်သည့် နဂါးနီစစ်ကြောင်း ဒုတိယစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းရွာတွင် အင်အား ၁၅၀ ဝန်းကျင်ဖြင့် အထိုင်ချနေသည့် စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များက ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှစ၍ စခန်းသိမ်းတိုက်ပွဲအနေဖြင့် မြေပြင်မှသာမက ဒရုန်းများဖြင့်ပါ ဝန်းရံတိုက်ခိုက်ခဲ့သည်။

“ ဒရုန်းနဲ့ရော မြေပြင်ကနေပါ ပတ်ပတ်လည် ဝိုင်းထားတာပေါ့။ ဒရုန်းနဲ့ရော မြေပြင်ကနေပါ ပတ်ပတ်လည် ဝိုင်းထားတာပေါ့။ ဒရုန်းနဲ့ နေ့ညမနားဘဲ အလုံး ရာနဲ့ချီပြီပေါ့ ချနေတာ” ဟု နဂါးနီစစ်ကြောင်း ဒုတိယစစ်ကြောင်းမှူး ကိုဟိန်းက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အနန်းကွင်းဗျူဟာစခန်း၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီဘက်က နေ့စဉ်နှင့်အမျှ အနီးအနားကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်။

နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့သည်မှာ သြဂုတ်လ ၂၉ ရက်နေ့ကဖြစ်ပြီး အနန်းကွင်းဗျူဟာသို့ စစ်ကူလာသည့် ရေးမြို့နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် -စကခ(၁၉) တပ်ရင်းလက်အောက်ခံ ခြေလျင်တပ်ရင်း ခမရ (၅၈၃)၊ ခမရ (၅၈၇)တို့မှ တပ်အင်အား ၁၀၀ ကျော်ကို သြဂုတ်လ ၂၇ ရက်နေ့မှစ၍ သုံးရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ကိုးဦးသေဆုံး၍ ၂၀ ကျော်ဒဏ်ရာရခဲ့သည်ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီကလည်း ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည့် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အရေးအပါဆုံး ဖြစ်သည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အနန်းကွင်းဗျူဟာစခန်းကို လက်မလွှတ်ရရေးအတွက် စခန်းအနီးတဝိုက်ရှိ ကျေးရွာများကို လေကြောင်းမှပါ Mi-35၊ Y-12 စသည်တို့ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အနန်းကွင်းဗျူဟာစခန်းအတွင်း စစ်ကူလာသည့် စစ်ကောင်တပ်များနှင့် နဂိုအထိုင်ချ စစ်ကောင်စီအင်အားစုပေါင်းတည်ရှိနေပြီး စစ်ကောင်စီတပ်သားများသည် တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့ထားမှုကြောင့် ရိက္ခာမလုံလောက်မှုများနှင့်ပါ ကြုံနေရသည်။

“ စစ်ကူအဖွဲ့က ဟိုရက်က တက်တဲ့အဖွဲ့က ဒဏ်ရာရသမားတွေနဲ့ အနန်းကွင်းစခန်းထဲလူနဲ့ ပေါင်းပြီး စခန်းမှာ ရှိနေတယ်ပေါ့။ အထဲမှာ ဒဏ်ရာရသမားတွေ ဆယ်ဂဏန်းနဲ့ ရှိနေပြီး ရိက္ခာကလည်း မလုံမလောက်ဖြစ်နေတဲ့အနေအထားပေါ့” ဟု နဂါးနီစစ်ကြောင်း ဒုတိယစစ်ကြောင်းမှူး ကိုဟိန်းက မဇ္ဈိမကို ဆက်ပြောသည်။

ထိတွေ့မှု ဖြစ်ပွားစဉ်ကာလအတွင်း နှစ်ဖက်ထိခိုက်မှုများရှိသည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသော်လည်း အရေအတွက် အသေးစိတ်ကို မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

အနန်းကွင်းဗျူဟာစခန်းတွင်ဖြစ်ပွားခဲ့သည့် ထိတွေ့မှုများနှင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင် အပါအဝင် အနီးအနား ကျေးရွာ ခုနစ်ရွာဝန်းကျင်က ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ရွာခံများနှင့် နီးစပ်သူတဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် ဘုရားသုံးဆူ- သံဖြူဇရပ်ကားလမ်းဘေးရှိ အနန်းကွင်းဗျူဟာစခန်းနှင့် ၁၀ မိုင်ဝန်းကျင်သာဝေးသည့် တောင်စွန်းရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

တောင်စွန်းစခန်းတွင် ကြာအင်းဆိပ်ကြီးအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၄) မှ စစ်ကောင်စီတပ်သားများ အထိုင်ချနေသည့် စခန်းဖြစ်သည်။

February 2, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊မော်လိုက်ကလေး အကျဥ်းထောင်၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့်...
January 31, 2026
Powerful explosions from 500-pound bombs dropped by Myanmar military jet fighters shook the Thai...
ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် တီးတိန်နှင့် ဟားခါးမြို့မှ အပ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နယ်ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်း တိုးမြှင့် လိုက်ခြင်းသည် ၎င်းတို့၏ အုပ်ချုပ်ရေးပြိုလဲနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီအထွေထွေအတွင်း ရေးမှူးကပြောဆိုသည်။(Chinland Information Center)
January 31, 2026
ပါခွီး — ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားပြိုလဲနေခြင်းကြောင့်...
January 30, 2026
မြို့နယ် ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားမှု သက်တမ်းထပ်တိုးပြီး ယာယီသမ္မတဟုဆိုသည့်...